Connect with us

Hi, what are you looking for?

သတင်း

ကျပ် နှစ်သောင်းတန် စစ်ကောင်စီ ထုတ်မယ်

ကျပ် နှစ်သောင်းတန်ကို အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာချက်မှာပြောထားပါတယ်။

ကျပ် နှစ်သောင်းတန် စစ်ကောင်စီ ထုတ်မယ်
ကျပ် နှစ်သောင်းတန် စစ်ကောင်စီ ထုတ်မယ်

မြန်မာငွေတန်ဖိုး ကျဆင်းနေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီ ဟာ နှစ်သောင်းကျပ်တန် ကို အခုလကုန်ပိုင်း ဇူလိုင်လ ၃၁ ရက်မှာ ထုတ်မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် နေပြည်တော်မှာ တည်ထားတဲ့ မာရဝီဇယ ရုပ်ပွားတော်မြတ်တည်ဆောက်ပြီးတာနဲ့ ဆင်ဖြူတော် တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် တို့ အတွက် ထုတ်ဝေတာလို့ ဆိုထားပါတယ်။

ကျပ် နှစ်သောင်းတန်ကို အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာချက်မှာပြောထားပါတယ်။

နိုင်ငံအတွင်းသုံးစွဲနေတဲ့ ငွေစက္ကူတွေ ထဲက ဟောင်းနွမ်းပြီး ဆက်သုံးဖို့မသင့်တဲ့ ငွေစက္ကူတွေနဲ့ တန်ဖိုးတူ လဲလှယ်တဲ့နည်းနဲ့ဖြန့်ဝေမှာဖြစ်ပြီး နေပြည်တော် ၊ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့စစ်​ကောင်စီ ဗဟိုဘဏ်တွေကနေ လဲလှယ်ပေးမယ်လို့ ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ကျပ် ၂ သောင်းတန်ဟာ အစိမ်းနုရောင် ဖြစ်ပြီး ရှေ့ဘက်မှာ ဆင်ဖြူတော် ပုံ ရိုက်နှိပ်ထားကာ ကျောဘက်မှာတော့ စစ်ကိုင်းတံတားပုံနဲ့ ဧရာဝတီတံတား(ရတနာပုံ ) ပုံ ပါရှိတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။