Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ

ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲ-လွိုင်ကော် လမ်းမကြီး အတိုင်းဆင်းလာသော တပ်မ(၅၅)ကို ဖယ်ခုံPDF တပ်ရင်း(၁၀၀၆၊ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃တို့ ဇူလိုင် ၂၁ရက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း အသိပေးသည်။

မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ
မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းတွင် စစ်ကောင်စီ၏ တပ်မ(၅၅)အား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆)က ထုတ်ပြန်သည်။

ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲ-လွိုင်ကော် လမ်းမကြီး အတိုင်းဆင်းလာသော တပ်မ(၅၅)ကို ဖယ်ခုံPDF တပ်ရင်း(၁၀၀၆၊ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃တို့ ဇူလိုင် ၂၁ရက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း အသိပေးသည်။

ထို့နောက် ယမန်နေ့အထိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကန်းကျိုင်းနှင့် ဆောင်ကန်း (ရှမ်း)ရွာတို့တွင် လက်ရှိတပ်စွဲထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဟု ဆိုသည်။

“ကလော အခြေစိုက်တပ်မ (၅၅)အောက်ခံရင်းတစ်ခု ဝင်လာတာ။အဓိကတော့ လွိုင်ကော်ဘက်ကို ဆင်းဖို့လာရင်းနဲ့ တိုက်ပွဲဖြစ်တယ်။အခု လွိုင်ကော် -မိုးဗြဲ ကြားထဲက ရွာထဲမှာ စကစ ဘက်က နေရာယူထားတယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ကောင်စီတပ် တပ်စွဲထားသည့် ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ထွက်ပြေးနေရသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ယမန်နေ့က ရေသန့်တင်ကားဟု ယူဆရသော Light Truckကားတစ်စီးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ပြီး ဆောင်ကန်းရွာတွင် ထိန်းသိမ်းထားကာ ကားပေါ်လိုက်ပါသူလာသူများ၏ အသေးစိတ်အခြေနေကိုမသိရသေးပေ။

စစ်ရေးဆက်လက်ပြင်းထန်နိုင်သည့်အတွက် လွိုင်ကော်-မိုးဗြဲလမ်းမကြီးကို သတိနှင့်သွားလာရန် ဖယ်ခုံ PDF က တိုက်တွန်းသည်။

ထို့အတူ လွိုင်ကော်မြို့အထွက် ပဒါးညေးကျေးရွာနှင့် အနီးတဝိုက်၌ ယခုလ ၂၀ ရက်ကစ၍ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ ထိတွေ့မှုများရှိနေဆဲဖြစ်ကာ ဒေသခံအချို့ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပြုလုပ်ထားသည်။

ထို့ကြောင့် လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော် – ဆီဆိုင် လမ်းမကြီး၌ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်ထားသည်။

ယခုလ ဒုတိယပတ်ကစ၍ စစ်ကောင်စီက လွိုင်ကော် -မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။