Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ

ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲ-လွိုင်ကော် လမ်းမကြီး အတိုင်းဆင်းလာသော တပ်မ(၅၅)ကို ဖယ်ခုံPDF တပ်ရင်း(၁၀၀၆၊ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃တို့ ဇူလိုင် ၂၁ရက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း အသိပေးသည်။

မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ
မိုးဗြဲ - လွိုင်ကော်လမ်းပိုင်းတွင် တပ်မ(၅၅) တိုက်ခိုက်ခံရ

မိုးဗြဲ – လွိုင်ကော်လမ်းပိုင်းတွင် စစ်ကောင်စီ၏ တပ်မ(၅၅)အား ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆)က ထုတ်ပြန်သည်။

ရှမ်း – ကရင်နီပြည်နယ်စပ် မိုးဗြဲ-လွိုင်ကော် လမ်းမကြီး အတိုင်းဆင်းလာသော တပ်မ(၅၅)ကို ဖယ်ခုံPDF တပ်ရင်း(၁၀၀၆၊ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃တို့ ဇူလိုင် ၂၁ရက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိကြောင်း အသိပေးသည်။

ထို့နောက် ယမန်နေ့အထိ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကန်းကျိုင်းနှင့် ဆောင်ကန်း (ရှမ်း)ရွာတို့တွင် လက်ရှိတပ်စွဲထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေဆဲဟု ဆိုသည်။

“ကလော အခြေစိုက်တပ်မ (၅၅)အောက်ခံရင်းတစ်ခု ဝင်လာတာ။အဓိကတော့ လွိုင်ကော်ဘက်ကို ဆင်းဖို့လာရင်းနဲ့ တိုက်ပွဲဖြစ်တယ်။အခု လွိုင်ကော် -မိုးဗြဲ ကြားထဲက ရွာထဲမှာ စကစ ဘက်က နေရာယူထားတယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ကောင်စီတပ် တပ်စွဲထားသည့် ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ထွက်ပြေးနေရသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ယမန်နေ့က ရေသန့်တင်ကားဟု ယူဆရသော Light Truckကားတစ်စီးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ပြီး ဆောင်ကန်းရွာတွင် ထိန်းသိမ်းထားကာ ကားပေါ်လိုက်ပါသူလာသူများ၏ အသေးစိတ်အခြေနေကိုမသိရသေးပေ။

စစ်ရေးဆက်လက်ပြင်းထန်နိုင်သည့်အတွက် လွိုင်ကော်-မိုးဗြဲလမ်းမကြီးကို သတိနှင့်သွားလာရန် ဖယ်ခုံ PDF က တိုက်တွန်းသည်။

ထို့အတူ လွိုင်ကော်မြို့အထွက် ပဒါးညေးကျေးရွာနှင့် အနီးတဝိုက်၌ ယခုလ ၂၀ ရက်ကစ၍ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ ထိတွေ့မှုများရှိနေဆဲဖြစ်ကာ ဒေသခံအချို့ကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပြုလုပ်ထားသည်။

ထို့ကြောင့် လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော် – ဆီဆိုင် လမ်းမကြီး၌ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၂ က ထုတ်ပြန်ထားသည်။

ယခုလ ဒုတိယပတ်ကစ၍ စစ်ကောင်စီက လွိုင်ကော် -မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင် နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။