Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်မြို့နယ် ၂ ရက်တာ တိုက်ပွဲမှာ ၂ဖက်အကျအဆုံးရှိ

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၄ ဦးကျသလို ပူပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် ၂ဦး ကျဆုံံးခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်းက အသိပေးထားပါတယ်။

ကျားဖြူစစ်ကြောင်းတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ် ( ပုံဟောင်း )
ကျားဖြူစစ်ကြောင်းတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ် ( ပုံဟောင်း )

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲဆက်တိုက်ဖြစ်ပွားရာ ၂ ဖက်အကျအဆုံးရှိတယ်လို့ ကျားဖြူစစ်ကြောင်းက ဒီနေ့မှာ ဖော်ပြပါတယ်။

တိုက်ပွဲဟာ ဇူလိုင်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ဖြစ်ပွားတာပါ။ ဇူလိုင်လ ၂၂ ရက်မှာ သံဖြူ ဇရပ်မြို့နယ် ၊ဝဲဝန်းကျေးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် နဲ့ စတင်တိုက်ပွဲဖြစ်ပွားတယ်လို့သိရပါတယ်။

အဲဒီနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁ ဦးကျပြီး ၁ ဦးဒဏ်ရာရတယ်လို့ ကျားဖြူစစ်ကြောင်းကဆိုထားပါတယ်။

နောက်ရက် ဇူလိုင်လ ၂၃ ရက် မနက်၆ နာရီက စတင်ပြီး သံဖြူ ဇရပ်မြို့နယ် ၊အထက်ငှက်ပျော်တော ရွာ မှာ စစ်ကောင်စီတပ်နဲ့ ထပ်မံထိတွေ့တိုက်ပွဲဖြစ်တယ်လို့ကျားဖြူစစ်ကြောင်းရဲ့စစ်ရေးသတင်းဖော်ပြချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၄ ဦးကျသလို ပူပေါင်းတပ်ဘက်က တပ်ဖွဲ့ဝင် ၂ဦး ကျဆုံံးခဲ့ရတယ်လို့ ကျားဖြူစစ်ကြောင်းက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။