Connect with us

Hi, what are you looking for?

သတင်း

ယာဒိုဒေသ၌ နှစ်ပတ်ကြာတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော်ပြုလုပ်ဟု KNU ထုတ်ပြန်

၁၃ရက်ကြာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Taw Oo DOI News)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Taw Oo DOI News)

▪️ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ် များပျက်စီးခဲ့ဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၂) ၊ တောင်ငူခရိုင် သံတောင်ကြီး(ဒေါ်ဖခို)မြို့နယ် ယာဒိုဒေသ၌ ဇူလိုင် ၁၁ရက်မှ ယမန်နေ့ (ဇူလိုင် ၂၃ရက်)အထိ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်သည်။

၁၃ရက်ကြာတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း အသိပေးထားသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Taw Oo DOI News)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU – Taw Oo DOI News)

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ KNU တောင်ခူခရိုင် တာဝန်ရှိသူအချို့နှင့် တပ်မဟာ(၂) စစ်ဘက် အရာရှိ အချို့ထံဆက်သွယ်ခဲ့သော်လည်းအဆက်အသွယ်မရပေ။

Public Service Announcement
Public Service Announcement

၁၃ရက်ကြာတိုက်ပွဲ ဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်ဖက်မှ လေယာဉ်ဖြင့် ဇူလိုင် ၁၂ ရက်တွင် နှစ်ကြိမ်၊ ဇူလိုင် ၁၈ရက်တွင် ခုနစ်ကြိမ်၊ ဇူလိုင် ၂၂ရက်တွင် ၁၃ကြိမ်၊ ဇူလိုင် ၂၃ရက်တွင် ၁၁ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယာဒိုဒေသ ဝါသောခိုကျေးရွာနှင့် တပ်ကုန်းကျေးရွာများ ကိုဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘာသာရေးအဆောက်အဉီး နှစ်လုံး၊ ပြည်သူလူထုအိုးအိမ် အလုံး ၂၀ထက်မနည်း၊ စပါးကျီ တစ်လုံး၊ လယ်ယာမြေနှင့် စိုက်ပျိုးပင်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း တောင်ငူခရိုင်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Taw Oo DOI News)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူနေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNU – Taw Oo DOI News)

လက်ရှိအချိန်တွင် ယာဒိုဒေသသခံပြည်သူ ၂,၀၀၀ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများနှင့် ခိုလှုံနေထိုင်ရန်အဆောက်အဦးများ အရေးပေါ်လိုအပ်မှုများလည်းရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။