Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါး၊ နံဇရွာတိုက်ပွဲအပြီးနယ်မြေရှင်းလင်းရာစစ်သား အလောင်းခုနစ်လောင်းတွေ့ပြီး လက်နက်ခြောက်လက်ရ

ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များ။ ဓါတ်ပုံ-​ကျောက်တံခါးပကဖ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များ။ ဓါတ်ပုံ-​ကျောက်တံခါးပကဖ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင်ဖြစ်ပွားသော တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်ရာ စစ်ကောင်စီတပ်မှ အလောင်းခုနစ်လောင်းတွေ့ရှိပြီး လက်နက်ခြောက်လက် သိမ်းဆည်းရရှိခဲ့ကြောင်းကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယမန်နေ့(ဇူလိုင် ၂၅)ည ၉ နာရီက ကျောက်တံခါးမြို့နယ် နံဇရွာထိပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ကျောက်တံခါး(ပကဖ)က ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒဏ်ရာရသူခုနစ်ဦးသည် တောင်ငူဆေးရုံ၌ အတွင်းလူနာအဖြစ်ကုသနေရပြီး အခြေအနေမကောင်းကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ခုနစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်တံခါး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ပထမ တစ်လက်က ညထဲက၊ ကျန်တာက ဒီနေ့ စခ ဆုတ်ပြီး နယ်မြေရှင်းပြန်ဝင်မှရတာ”ဟု ၎င်းက ​People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ နံဇရွာဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကားအကြီးတစ်စီး၊ ဘေးတွဲဆိုင်ကယ်နှစ်စီးဖြင့် အင်အား ၄၀ ကျော်နှင့် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အား တော်လှန်ရေးပူးပေါင်းတပ်များက ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး