Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိအပါအဝင် သေဆုံးထိခိုက်များဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားမှုမှာ ၁နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၃၃ဦး သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

(တောင်ပိုင်းစစ်ဒေသအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(တောင်ပိုင်းစစ်ဒေသအတွင်းရှိ PDF ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်တွင် KNLA/PDF မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၄၀ကျော်သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က သတင်းထုတ်ပြန် သည်။

ကျောက်တံခါးမြို့နယ် နံဇကျေးရွာအနီးတွင် ဇူလိုင် ၁၉ရက် ညက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၊ရဲနှင့် ပျုစောထီးအင်အား ၄၀၀ခန့်သည် စစ်ကြောင်း နှစ်ကြောင်းဖြန့်ခွဲ၍ ဝင်ရောက်လာရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မဟာမိတ် ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ ၁နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၃၃ဦး သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူများအနက် ၂၀ဦးမှာအတွင်းလူနာအဖြစ် တောင်ငူဆေးရုံ၌ ကုသနေရပြီး ဆေးရုံအရောက်တွင် နှစ်ဦး ထပ်မံသေဆုံးသွားသည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်အခြေအနေနှင့်ပတ်သက်ပြီး People’s Spring အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အဆိုပါတိုက်ပွဲအတွင်း KNLA/PDF မဟာမိတ် ပူးပေါင်းတပ်များမှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။