Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲတွေကြောင့် ၅ ရက်အတွင်း နေရပ်စွန့်ခွာရသူ ၆,၀၀၀ ကျော်ရှိလာ

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။

စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်မှာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကိုတွေ့ရစဉ်
စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်မှာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကိုတွေ့ရစဉ်

မြန်မာနိုင်ငံမှာ လက်ရှိ ဇူလိုင်လ တတိယ ပတ်ရဲ့ ၅ ရက်တာအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၆,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ထွက်ပြေးရတဲ့ ပြည်သူ ၆,၀၀၀ ကျော်ဟာ ပဲခူးတိုင်းအရှေ့ပိုင်း ၊တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။

Public Service Announcement
Public Service Announcement

အခုလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်နယ်တွေမှာ မိုးကြီးရေလျှံပြီး လေပြင်းမုန်တိုင်းတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ ပိုမိုခက်ခဲနေတယ်လို့လည်းပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုရာသီဥတုအခြေအနေတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက မြို့နယ်အများစုမှာ နေရပ်စွန့်ခွာသူတွေ အပါအဝင် လူ ၄၀၀ ကျော်ဟာ ယာယီခိုလှုံရာနေရာတွေဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသလို ကလေးငယ် ၄ ဦးလည်း ရေနစ်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မလုံခြုံမှုတွေနဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းနီးပါးရှိလာပြီလို့ UNOCHA ကဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။