Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲတွေကြောင့် ၅ ရက်အတွင်း နေရပ်စွန့်ခွာရသူ ၆,၀၀၀ ကျော်ရှိလာ

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။

စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်မှာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကိုတွေ့ရစဉ်
စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်မှာ တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကိုတွေ့ရစဉ်

မြန်မာနိုင်ငံမှာ လက်ရှိ ဇူလိုင်လ တတိယ ပတ်ရဲ့ ၅ ရက်တာအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၆,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ထွက်ပြေးရတဲ့ ပြည်သူ ၆,၀၀၀ ကျော်ဟာ ပဲခူးတိုင်းအရှေ့ပိုင်း ၊တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မြင့်တက်နေသလို၊ အနောက်မြောက်ပိုင်းမှာ ပြင်းထန်နေပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မကြာခဏဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။

Public Service Announcement
Public Service Announcement

အခုလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်နယ်တွေမှာ မိုးကြီးရေလျှံပြီး လေပြင်းမုန်တိုင်းတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ ပိုမိုခက်ခဲနေတယ်လို့လည်းပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုရာသီဥတုအခြေအနေတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက မြို့နယ်အများစုမှာ နေရပ်စွန့်ခွာသူတွေ အပါအဝင် လူ ၄၀၀ ကျော်ဟာ ယာယီခိုလှုံရာနေရာတွေဆီ ပြောင်းရွှေ့နေထိုင်ခဲ့ကြရသလို ကလေးငယ် ၄ ဦးလည်း ရေနစ်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မလုံခြုံမှုတွေနဲ့ ပဋိပက္ခတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၁ ဒဿမ ၆ သန်းနီးပါးရှိလာပြီလို့ UNOCHA ကဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။