Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်နယ်၏ ရုန်းထမှု၊ အောင်မြင်မှုရလဒ်များပုံဖော်နိုင်မှုအပေါ် ယာယီသမ္မတ ချီးကျူး

တော်လှန်ရေးအရရော တည်ဆောက်ရေးအရပါ ထူးခြားသည့် ဝိသေသများနှင့် ပြည်စုံနေသည့် ကရင်နီပြည်နယ်ကို တော်လှန်ရေးအင်အားစု အားလုံးက အထူးအာရုံစိုက် စောင့်ကြည့်နေကြကြောင်းလည်း အသိပေးသည်။

(ကရင်နီပြည် ဒီးမော့ဆိုမြို့ပေါ်ရှိ နေအိမ်များနှင့် ဘုရားရှိခိုးကျောင်း အမြောက်ဆန်ထိ၍ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KANTARAWADDY TIMES)
(ကရင်နီပြည် ဒီးမော့ဆိုမြို့ပေါ်ရှိ နေအိမ်များနှင့် ဘုရားရှိခိုးကျောင်း အမြောက်ဆန်ထိ၍ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KANTARAWADDY TIMES)

“တစ်နိုင်ငံလုံး ဒီလို ရုန်းထမှုမျိုးနဲ့ တစ်ချီ၊နှစ်ချီလောက် ရုန်းထလိုက်ကြရင်ဖြင့် အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းပြိုလဲအောင်လုပ်နိုင်ကြမှာ အသေအချာပဲ”

ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးခေါင်းဆောင်များ နိုင်ငံရေးခေါင်းဆောင်များနှင့် စစ်ရေးခေါင်းဆောင်အားလုံး၏ အမြော်အမြင်နှင့် ကိုယ်စွမ်းကိုယ်စများသည် လက်ရှိအောင်မြင်မှု ရလဒ်များကို ထုဆစ်ပုံဖော်သည့် အခြင်းအရာများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“ကျွန်တော့်အနေနဲ့ ကရင်နီပြည်နယ်ရဲ့ ရုန်းထမှုတွေကို အမြဲတမ်းလိုလို ကြည့်မြင်နေရပါတယ်။ ဒီလို ကြည့်တိုင်း မြင်တိုင်းလည်း ဝမ်းသာပီတိဖြစ်ရသလို၊ အားရတယ်လို့ ပြောရပါလိမ့်မယ်။ ငါတို့ တစ်နိုင်ငံလုံး ဒီလိုရုန်းထမှု မျိုးနဲ့ တစ်ချီ၊နှစ်ချီလောက် ရုန်းထလိုက်ကြရင်ဖြင့် အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းပြိုလဲအောင် လုပ်နိုင်ကြမှာ အသေအချာပဲလို့ စိတ်ထဲမှာ မကြာခဏ ပြောနေမိပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

(ကရင်နီပြည် ဒီးမော့ဆိုမြို့ပေါ်ရှိ နေအိမ်များနှင့် ဘုရားရှိခိုးကျောင်း အမြောက်ဆန်ထိ၍ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KANTARAWADDY TIMES)
(ကရင်နီပြည် ဒီးမော့ဆိုမြို့ပေါ်ရှိ နေအိမ်များနှင့် ဘုရားရှိခိုးကျောင်း အမြောက်ဆန်ထိ၍ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – KANTARAWADDY TIMES)

ယနေ့ ကျင်းပသည့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်၊ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)တို့အကြား ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး၌ ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ ပေါ်ပေါက်လာခြင်းသည့် တခြားသောပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များအတွက် ပထမဆုံး စံနမူနာပြုစရာများဖြစ်သည်ဟုလည်း ယာယီသမ္မတက ပြောကြားခဲ့ပြီး အစိုးရအနေဖြင့် ဝမ်းသာဂုဏ်ယူလေးစား အသိအမှတ်ပြုသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့အနေနဲ့ နွေဦးတော်လှန်ရေးအတွင်းမှာ တော်လှန်ရေးလုပ်ငန်းစဉ်တွေကိုလုပ်ရင်း တစ်ဖက်မှာလည်း အုပ်ချုပ်ရေးအရ အခြေခံကျတဲ့ လုပ်ငန်းတွေကို တည်ဆောက်နေကြရပါတယ်။ အခု ကရင်နီပြည်နယ်မှာ ပေါ်ပေါက်လာတဲ့ ကြားကာလ အုပ်ချုပ်ရေးကောင်စီဆိုတာဟာ အုပ်ချုပ်ရေးအရ တည်ဆောက်ရေး လုပ်ငန်းစဉ် တွေကို ခြေခြေမြစ်မြစ် အုတ်မြစ်ချဖို့အတွက် ပေါ်ပေါက်လာတာလို့ ယူဆပါတယ်။ ဒါဟာ အနာဂတ် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးမှာ အလွန်အရေးကြီးပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

(ကရင်နီပြည် ဒီးမော့ဆိုမြို့ပေါ်ရှိ နေအိမ်များနှင့် ဘုရားရှိခိုးကျောင်း အမြောက်ဆန်ထိ၍ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KANTARAWADDY TIMES)
(ကရင်နီပြည် ဒီးမော့ဆိုမြို့ပေါ်ရှိ နေအိမ်များနှင့် ဘုရားရှိခိုးကျောင်း အမြောက်ဆန်ထိ၍ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – KANTARAWADDY TIMES)

တော်လှန်ရေးအရရော တည်ဆောက်ရေးအရပါ ထူးခြားသည့် ဝိသေသများနှင့် ပြည်စုံနေသည့် ကရင်နီပြည်နယ်ကို တော်လှန်ရေးအင်အားစု အားလုံးက အထူးအာရုံစိုက် စောင့်ကြည့်နေကြကြောင်းလည်း အသိပေးသည်။

“ပြည်သူလူထု တစ်ရပ်လုံးကလည်း တော်လှန်ရေးတပ်ဦးမှာ ကနဦး ပွဲဦးထွက်ကတည်းက အောင်ပွဲအလီလီ ရရှိခဲ့တဲ့ ကရင်နီ ပြည်နယ်ကို ယခုအချိန်အထိ ဝိုင်းဝန်း အားပေးထောက်ခံနေတာ တွေ့ရပါတယ်။ ကရင်နီပြည်နယ်အတွင်းက လုပ်ဆောင်စရာ အဝဝကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ယုံကြည်မှု ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ဆက်လက် လျှောက်လှမ်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်ဂဟု ယာယီသမ္မတက ပြောကြားသည်။

ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဋ္ဌာန်းမှုနှင့် ကရင်နီပြည်နယ် လွတ်မြောက်ရေးအတွက် အားလုံး၏ ပူးပေါင်းအားများဖြင့် စုပေါင်းချင်သည်ဟုလည်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။