Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျပ်နှစ်​သောင်းတန်ကို က​လေးခရိုင်တွင်အသုံးပြုပါက အ​ရေးယူမည်ဟု ​တော်လှန်​ရေးအဖွဲ့​ပြော

နှစ်သောင်းတန်ငွေစက္ကူအား ခရိုင်အတွင်းရှိ သုံးမြို့နယ်စလုံး၌ အသုံးပြုခွင့်မပေးကြောင်း ကလေးခရိုင် ပကဖက သတိပေးကြေညာထားခြင်းဟု ဆိုသည်။က​လေးခရိုင်တွင်က​လေး ၊က​လေးဝ ၊မင်းကင်းမြို့နယ်တို့ပါဝင်သည်။

ကျပ်နှစ်​သောင်းတန်ကို က​လေးခရိုင်တွင်အသုံးပြုပါက အ​ရေးယူမည်ဟု ​တော်လှန်​ရေးအဖွဲ့​ပြော
ကျပ်နှစ်​သောင်းတန်ကို က​လေးခရိုင်တွင်အသုံးပြုပါက အ​ရေးယူမည်ဟု ​တော်လှန်​ရေးအဖွဲ့​ပြော

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်အတွင်း ကျပ်နှစ်သောင်းတန်ငွေစက္ကူအသုံးပြုခွင့်မပေးကြောင်း ကလေးခရိုင် ပကဖက ထုတ်ပြန်ထားပြီး အသုံးပြုသည်ကိုတွေ့ရှိပါက အရေးယူမည်ဟု ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကပြောသည်။

နှစ်သောင်းတန်ငွေစက္ကူအား ခရိုင်အတွင်းရှိ သုံးမြို့နယ်စလုံး၌ အသုံးပြုခွင့်မပေးကြောင်း ကလေးခရိုင် ပကဖက သတိပေးကြေညာထားခြင်းဟု ဆိုသည်။က​လေးခရိုင်တွင်က​လေး ၊က​လေးဝ ၊မင်းကင်းမြို့နယ်တို့ပါဝင်သည်။

“ကျွန်တော်တို့ကတော့ဒီပိုက်ဆံတွေ တွေ့တာနဲ့သိမ်းဆည်းမှာပါ။ ပထမအကြိမ်ကတော့ သိမ်းရုံပါ။ ဒုတိယအကြိမ်ဆိုရင်တော့ အရေးယူမှာပါ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ယနေ့( ဩဂုတ် ၂ရက်)ပြောသည်။

နှစ်သောင်းတန်ငွေစက္ကူ ကိုင်ဆောင်သည်ကို စစ်ဆေးတွေ့ရှိပါက ပထမအကြိမ်တွင် ပိုက်ဆံကို သိမ်းဆည်းဖျက်ဆီးပြီး မှတ်တမ်းယူထားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်စစ်ဆေးတွေ့ရှိပါက သတိပေးမည်ဖြစ်ပြီး တတိယအကြိမ်တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည်ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ အစိုးရကိုယ်တိုင်က နှစ်သောင်းတန်ငွေစက္ကူ တရားမဝင်ဘူးလို့ ထုတ်ထားတဲ့အတွက် ဖမ်းဆီးအရေးယူမှုတွေ ရှိလာမှာပါ”ဟု ၎င်းကဆိုသည်။

စစ်ကောင်စီက ကျပ်နှစ်‌​သောင်းတန်ငွေစက္ကူကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ စစ်ကောင်စီထုတ်သည့် နှစ်သောင်းတန်ငွေစက္ကူ သည် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင် ၂၇ရက်တွင် ထုတ်ပြန်ထားသည်။ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ စုစည်းထားသည့် စစ်ကိုင်းဖိုရမ်ကလည်း စစ်ကောင်စီထုတ်သည့် ကျပ်နှစ်‌​သောင်းတန်ငွေစက္ကူကို အသုံးမကြရန် တိုက်တွန်းထားသည်။

ကလေးခရိုင်တွင် ကလေး၊မင်းကင်း၊ကလေးဝမြို့နယ်တို့ရှိပြီး ၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်ကောင်စာရင်းအရ လူဦးရေ ငါးသိန်းကျော် ရှိနေသည်။ သုံးမြို့နယ်စလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အဆင့်ဆင့်ဦးဆောင်မှုအောက်တွင် စစ်အာဏာရှင်တော်လှန်ရေး အားကောင်းစွာပါဝင်နေသည်။

“စစ်ကောင်စီကသူတို့ထုတ်တဲ့နှစ်သောင်းတန်ကိုလူထုကြားထဲကို အလီလီ မထည့်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေကတဆင့် အုပ်လိုက်ဖြန့်လာနိုင်တယ်။ ကျွန်တော်တို့ မင်းကင်းဒေသခံတွေကတော့ မသုံးဘူးဗျ။ သတိထားပြီး ရှောင်ကြမှာ”ဟု မင်းကင်းဒေသခံတဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တားမြစ်မိန့်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိ​ပေးသည်။

သတင်း

စစ်ကောင်စီက ရွှေဈေးမတက်စေရန်ဆိုကာ ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးထားသည်ဟုလည်း ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းမှသိရသည်။

သတင်း

ကျပ် နှစ်သောင်းတန်ကို အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေမယ်လို့ စစ်ကောင်စီက ကြေညာချက်မှာပြောထားပါတယ်။

သတင်း

စစ်ကောင်စီတပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကို အများအပြားအသုံးပြု​နေ​သော်လည်း ​ဒေသကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့ဝင်များထိခိုက်​သေဆုံးမှု မရှိ​ကြောင်း တာဝန်ရှိသူများက​ပြောသည်။