Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဂ္ဂလိကဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ စစ်ကောင်စီ​ကျပ်နှစ်သောင်းတန်အသုံးပြုလျှင် အကြမ်းဖက်မှုတိုက်ဖျက်​ရေး ဥပဒေဖြင့်အ​ရေးယူမည်ဟုရန် NUGသတိ​ပေး

တားမြစ်မိန့်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိ​ပေးသည်။

(သပိတ်အင်အားစုများက သြဂုတ်လဆန်းတွင်ကျပ်နှစ်​သောင်းတန်ပုံစံတူ​​ငွေစက္ကူများကို မီရှို့ဆန္ဒပြစဥ်။ဓါတ်ပုံ-CJ)
(သပိတ်အင်အားစုများက သြဂုတ်လဆန်းတွင်ကျပ်နှစ်​သောင်းတန်ပုံစံတူ​​ငွေစက္ကူများကို မီရှို့ဆန္ဒပြစဥ်။ဓါတ်ပုံ-CJ)

ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုရန် နှင့် အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမည်ဟု NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်သည်။

စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကုများကိုတရားမဝင်ငွေစက္ကူများအဖြစ်NUGကြားကာလဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီးဖြစ်၍ ထိုငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှုကျူးလွန်ရာရောက်သောကြောင့်ဖြစ်သည်ဟု အထက်ပါအဖွဲ့ကဆိုသည်။

ထိုကြောင့်စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသော ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများအနေဖြင့် အထောက်အထားနှင့်တကွ တိုင်ကြားကြရန်လည်း ​ဖော်ပြထားသည်။

တားမြစ်မိန့်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့တော်လှန်ရေး အရှိန်ကို ဘယ်နည်းနဲ့မှအကျခံမှာ မဟုတ်တဲ့အပြင် ပိုပြီးပြင်ပြင်ထန်ထန် အရှိန်မြှင့်ကြရပါလိမ့်မယ်။တားမြစ်မိန့်ကို လိုက်နာကြပါ ။ပြည်သူနဲ့အတူ ဘယ်လိုရပ်တည်ကြမလည်း ဆုံးဖြတ်ကြပါ။ စစ်ကောင်စီလက်အောက်မှာ ဘယ်ဘဝ ရောက်နေရလည်းဆိုတာလည်း သိကြမှာပါ။ပြည်သူနဲ့ကင်းကွာပြီး တိုးတက်လာတဲ့ လုပ်ငန်းဆိုတာ မရှိပါဘူး အားလုံးအတွက် အကောင်းဆုံးအဖြေဟာတော်လှန်ရေးအောင်မြင်မှုပါပဲ။”ဟုNUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၊ဥက္ကဌဖြစ်သူ ဦးလွင်ကိုလတ်က ၎င်း၏ လူမှုကွန်ယက်တွင်ရေးသားထားသည်။

စစ်ကောင်စီသည် နှစ်သောင်းတန်ငွေစက္ကူများကိုထုတ်ဝေမည်ဖြစ်ကြောင်းဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာအချက်အပြီး နိုင်ငံအတွင်း ကျပ်ငွေတန်ဖိုးထိုးကျကာ တစ်ဒေါ်လာလျှင်ကျပ် ၄၀၀၀ ၊ ​ရွှေတစ်ကျပ်သားကျပ်သိန်း ၄၀ အထိမြင့်တက်ခဲ့သည်။ အထွေထွေစားသောက်ကုန်ဈေးနှုန်းများလည်း တရှိန်ထိုးမြင့်တက်လာသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။