Connect with us

Hi, what are you looking for?

သတင်း

ပုဂ္ဂလိကဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ စစ်ကောင်စီ​ကျပ်နှစ်သောင်းတန်အသုံးပြုလျှင် အကြမ်းဖက်မှုတိုက်ဖျက်​ရေး ဥပဒေဖြင့်အ​ရေးယူမည်ဟုရန် NUGသတိ​ပေး

တားမြစ်မိန့်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိ​ပေးသည်။

(သပိတ်အင်အားစုများက သြဂုတ်လဆန်းတွင်ကျပ်နှစ်​သောင်းတန်ပုံစံတူ​​ငွေစက္ကူများကို မီရှို့ဆန္ဒပြစဥ်။ဓါတ်ပုံ-CJ)
(သပိတ်အင်အားစုများက သြဂုတ်လဆန်းတွင်ကျပ်နှစ်​သောင်းတန်ပုံစံတူ​​ငွေစက္ကူများကို မီရှို့ဆန္ဒပြစဥ်။ဓါတ်ပုံ-CJ)

ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုရန် နှင့် အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမည်ဟု NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်သည်။

စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကုများကိုတရားမဝင်ငွေစက္ကူများအဖြစ်NUGကြားကာလဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီးဖြစ်၍ ထိုငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှုကျူးလွန်ရာရောက်သောကြောင့်ဖြစ်သည်ဟု အထက်ပါအဖွဲ့ကဆိုသည်။

ထိုကြောင့်စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသော ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများအနေဖြင့် အထောက်အထားနှင့်တကွ တိုင်ကြားကြရန်လည်း ​ဖော်ပြထားသည်။

တားမြစ်မိန့်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိ​ပေးသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့တော်လှန်ရေး အရှိန်ကို ဘယ်နည်းနဲ့မှအကျခံမှာ မဟုတ်တဲ့အပြင် ပိုပြီးပြင်ပြင်ထန်ထန် အရှိန်မြှင့်ကြရပါလိမ့်မယ်။တားမြစ်မိန့်ကို လိုက်နာကြပါ ။ပြည်သူနဲ့အတူ ဘယ်လိုရပ်တည်ကြမလည်း ဆုံးဖြတ်ကြပါ။ စစ်ကောင်စီလက်အောက်မှာ ဘယ်ဘဝ ရောက်နေရလည်းဆိုတာလည်း သိကြမှာပါ။ပြည်သူနဲ့ကင်းကွာပြီး တိုးတက်လာတဲ့ လုပ်ငန်းဆိုတာ မရှိပါဘူး အားလုံးအတွက် အကောင်းဆုံးအဖြေဟာတော်လှန်ရေးအောင်မြင်မှုပါပဲ။”ဟုNUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၊ဥက္ကဌဖြစ်သူ ဦးလွင်ကိုလတ်က ၎င်း၏ လူမှုကွန်ယက်တွင်ရေးသားထားသည်။

စစ်ကောင်စီသည် နှစ်သောင်းတန်ငွေစက္ကူများကိုထုတ်ဝေမည်ဖြစ်ကြောင်းဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာအချက်အပြီး နိုင်ငံအတွင်း ကျပ်ငွေတန်ဖိုးထိုးကျကာ တစ်ဒေါ်လာလျှင်ကျပ် ၄၀၀၀ ၊ ​ရွှေတစ်ကျပ်သားကျပ်သိန်း ၄၀ အထိမြင့်တက်ခဲ့သည်။ အထွေထွေစားသောက်ကုန်ဈေးနှုန်းများလည်း တရှိန်ထိုးမြင့်တက်လာသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။