Connect with us

Hi, what are you looking for?

သတင်း

မူဆယ်အနီးတိုက်ပွဲအရပ်သား၁ ဦးသေဆုံး၊ဆရာတော်တစ်ပါး အပါအဝင် အရပ်သား ၅ဦး ဒဏ်ရာရ

မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု နာထန်ရွာနှင့် ဂေါင်ရာရွာအနီးတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က အတည်ပြုသည်။

(ဒဏ်ရာရခဲ​သော ဆရာ​တော်။ ဓါတ်ပုံ-CJ)
(ဒဏ်ရာရခဲ​သော ဆရာ​တော်။ ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီတပ်ယာဉ်တစ်စီးလက်နက်ကြီးဖြင့်တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးယနေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း အရပ်သား ၁ဦးသေဆုံးပြီး ဆရာတော်တစ်ပါး အပါအဝင် ၅ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့ကပြောသည်။

မူဆယ်မြို့ စယ်လန့်ကျေးရွာအုပ်စု နာထန်ရွာနှင့် ဂေါင်ရာရွာအနီးတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က အတည်ပြုသည်။

ဒေသခံသတင်းရင်းမြစ်ကမူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA၊MNDAA၊ AA) သုံးဖွဲ့နှင့် က်လုပ်တဲ့ ကျင်ဆန်းကျော့ဟိုနောင်ရွာရယ် နောက်ပြီးတော့ ဝိန်းနန်းစစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုပြောကြားသည်။

“ဖြစ်တဲ့နေရာက စယ်လန့်ဖြစ်တယ်။မူဆယ်၁၀၅ မိုင် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး အဝင်အထွ ဟိုပေါ့ အဲဒီဘက်တွေဖြစ်တာပေါ့။ ဒါမူဆယ်မြို့နယ် ပတ်ဝန်းကျင် အထက်တုန်ခန်း၊ အောက်တုန်ခန်းကြားထဲ ကျင်ဆန်းကျော့မှာ ဖြစ်တာ။ နောက်တစ်ခုက မူဆယ်နဲ့နမ့်ခွန် ကြား မြို့အထွက်မရောက်ခင်မှာ စက္ကူစက်ရုံနဲ့ ကြက်ရောင်းဝယ်ရေး ကြက်ခြံ အဲဒီနားလေးမှာ စကစရဲ့ ကားတစ်စီး လက်နက်ကြီးနဲ့ ပစ်ခံရတယ်။ အဲဒီလောက်ပဲ သိရတယ်” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးရှိခဲ့ကြောင်း၊ ယခုညပိုင်းအထိလက်နက်ကြီးပစ်ခတ်မှုများ ဆက်ရှိနေကြောင်း ၎င်းကဆိုသည်။

“သေဆုံးတာ တစ်ယောက်ထဲပဲဒဏ်ရာရရှိတာက အရပ်သား ၅ဦးထဲမှာ ဆရာတော်တစ်ပါးပါတယ်။” ဟု ဒေသခံက ပြောသည်။

TNLAက ယနေ့ တိုက်ပွဲသတင်းထုတ်ပြန်ထားရာ မူဆယ်နှင့် လားရှိုးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြသည်။ မူဆယ်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။ လားရှိုး တွင်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးကာ ဒေသခံ တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။