Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ကသိုဏ်းတောင်တပ်စစ်စခန်းကို KIA/PDF ပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်၊လက်နက်ခဲယမ်းများရ

စစ်ကောင်စီက ဇူလိုင်လဆန်းတွင် KIO/KIA ဌာနချုပ် နယ်မြေနှင့်နီးစသည့် နမ်ဆန်ယန်ဒေသသို့ ထိုးစစ်ဆင်လာပြီးနောက် ဇူလိုင်လကုန်ပိုင်းမှစ၍ KIAကလည်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။

(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)
(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)

▪︎ဆယ်ဇင်းဒေသ နေရာ ၂ ​နေရာတွင်တိုက်ပွဲဖြစ်နေဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ယနေ့မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်ဒေသခံနှင့်PDF တို့ကပြောသည်။

ဖားကန့် – တာမခန်လမ်းတွင်ရှိပြီးအင်အား ၇၀ခန့်တပ်စွဲထားသည့် ကသိုဏ်းတောင်စစ်ကောင်စီစခန်းကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၅နာရီ ၁၅ မိနစ်တွင် စီးနင်းတိုက်ခိုက်ပြီး နံနက် ၈နာရီ ၃၆ မိနစ်တွင် သိပ်ပိုက်လိုက်ခြင်းဟု ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ရှင်းလင်းရေးလုပ်ပြီးပြီ။လက်နက်ခဲယမ်းတွေလည်းရတယ်။ စစ်တပ်ဘက်က အသေအဆုံးစာရင်းတော့ မရသေးဘူး။ စစ်တပ်ကတော့ သူတို့စခန်းလက်လွတ်လိုက်ရလို့ လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟုPDF တစ်ဦးကပြောသည်။

ကသိုဏ်းတောင်စခန်းသည် ​ဒေသတွင်း စစ်ရေးအရ အ​ရေးပါသည့်‌နေရာဖြစ်ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)
(KIA တပ်ဖွဲ့ဝင်များ (ပုံအ​ဟောင်း)နှင့် KIA/PDF ပူး​ပေါင်းတပ်ကသိမ်းပိုက်ခဲ့​သော စခန်း​နေရာကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-The Kachin Net)

ကချင်ဒေသခံတစ်ဦးကလည်း “သိမ်းလိုက်တာဟုတ်တယ်။ ဖြစ်စဉ်က ဒီနေ့ ၄နာရီလောက်ကနေ တိုက်တာ ၈ခွဲလောက်မှာ သိမ်းလိုက်နိုင်တယ်။သိမ်းလိုက်ပြီဆိုတော့ စစ်ကောင်စီတပ်က သေတာတို့ ထွက်ပြေးတာတို့ ရှိတာပေါ့။ စခန်းကို သိမ်းတယ်ဆိုတော့ သူတို့ သိုလှောင်ထားတဲ့ဟာတွေ(လက်နက်ခဲယမ်း)တော့ အကုန်ရမှာပဲလေ” ဟုပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA) ပူးပေါင်းအဖွဲ့နှင့် KIA/PDF တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံက ယနေ့ နေ့လည်ပိုင်း၌ ပြောသည်။

“စစ်ကောင်စီနဲ့ SNA ပူးပေါင်းတွေနဲ့ KIA/PDFနဲ့ ဖြစ်တာပေါ့။ သူတို့က လက်နက်ကြီးနဲ့ အရင်ဆုံးလှမ်းထုတာနေမယ် နှစ်ဖက်ထိတွေ့မှုတော့ရှိနေတယ် မပြီးသေးဘူး။ အခုလက်ရှိ ဖြစ်နေတယ်” ဟု ဒေသခံက ပြောသည်။

ဖားကန့်ဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

စစ်ကောင်စီက ဇူလိုင်လဆန်းတွင် KIO/KIA ဌာနချုပ် နယ်မြေနှင့်နီးစသည့် နမ်ဆန်ယန်ဒေသသို့ ထိုးစစ်ဆင်လာပြီးနောက် ဇူလိုင်လကုန်ပိုင်းမှစ၍ KIAကလည်း စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။

နမ့်ဆန်ယာန်ဒေသ မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းအချို့ကို KIAက ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းက သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

“တစ်နိုင်ငံလုံးမှာရှိနေတဲ့ အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီကို အားလုံး အမြစ်ပြတ် အားလုံးခြေမှုန်းနိုင်လေကောင်းလေပဲ။ အဲဒီလိုမျိုးကြားတော့ ကျမတို့ တအားဝမ်းသာတယ်။ ဒါရင်ထဲရှိတဲ့စကား ပြောပြတာလေနော်” ဟု ကချင်ဒေသခံကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။