Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီတပ်​ ဒေသခံလေးဦးအား သတ်ဖြတ်

စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ဖားဆောင်းမြို့ပေါ်မှ ပြည်သူများအပြင် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ ၅,၀၀၀ ထက်မနည်း စစ်ဘေးရှောင်နေရသည်။

(စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် နန်းကစ်ရွာသားလေးဦး နှင့် ၎င်းတို့၏ စျာပန အားတွေ့ရစဥ် ။ဓာတ်ပုံ - CJ)
(စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် နန်းကစ်ရွာသားလေးဦး နှင့် ၎င်းတို့၏ စျာပန အားတွေ့ရစဥ် ။ဓာတ်ပုံ - CJ)

တိုက်ပွဲပြင်းထန်နေသည့် ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီတပ်​ သတ်ဖြတ်ခဲ့သော ဒေသခံပြည်သူလေးဦး​၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇွန် ၂၅ ရက်) နေ့လယ်ပိုင်းက စစ်ကောင်စီက လေကြောင်းအသုံးပြု၍ နှစ်ကြိမ်တိုင်ပစ်ခတ်ခဲ့သော နန်းကစ်ကျေးရွာမှ ဒေသခံရွာသား လေးဦးမှာ လမ်းမပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

“ရွာသားလေးဦးကို ဒီနေ့ သဂြိုလ်လိုက်တယ်။ကျေးရွာနေအိမ်အချို့မီးထဲပါသွားသလို ဘုရားကျောင်းလည်း ပျက်စီးသွားခဲ့ရတယ်”ဟု ဖားဆောင်းမြို့ ဒေသခံက ပြောသည်။

နန်းကစ်ကျေးရွာမှာ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) ကရင်နီတပ်မတော်၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့ခြင်းဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇွန်လ ၁၅ ရက်ကစ၍ ဖားဆောင်းမြို့နယ်အတွင်းတိုက်ပွဲများ နေ့စဥ်ဖြစ်ပွားလာခဲ့ပြီး မယ်စဲ့မြို့နပ်စခန်းသိမ်းပိုက်ခံလိုက်ရသည့် စစ်ကောင်စီက ဖားဆောင်းမြို့နယ်မှတဆင့် အင်အားဖြည့်တင်းရန် ရည်ရွယ်ထားသည်။

သံလွင်တံတား(ဖားဆောင်း)ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။

ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဖားဆောင်း PDFက မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ဖားဆောင်းမြို့ပေါ်မှ ပြည်သူများအပြင် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ ၅,၀၀၀ ထက်မနည်း စစ်ဘေးရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook