Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်မှာ စစ်ကောင်စီ တိုက်လေယာဉ်တွေ ဗုံးမှားကြဲလို့ စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံးလို့ထိုင်းသတင်းဌာန​ဖော်ပြ

လေယာဉ်တွေ ကြဲချတဲ့ ဗုံးတွေက မြေပြင်မှာ ရှိနေတဲ့ သူတို့ရဲ့ တစ်ဖွဲ့တည်းသား စစ်ကောင်စီ ကြည်းတပ်သားတွေပေါ် တည့်တည့်ကျလို့ ၁၂ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာန PBSက ဆိုပါတယ်။

(စစ်​ကောင်စီတပ်က ဇွန်လတွင် ဖား​ဆောင်မြို့နယ်အတွင်း ​လေ​ကြောင်းမှ ဗုံးကျဲစဥ်/ ဖား​ဆောင် ၊မယ်စဲ့မြို့နယ်နှင့်အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ- ဖား​ဆောင်းPDF)
(စစ်​ကောင်စီတပ်က ဇွန်လတွင် ဖား​ဆောင်မြို့နယ်အတွင်း ​လေ​ကြောင်းမှ ဗုံးကျဲစဥ်/ ဖား​ဆောင် ၊မယ်စဲ့မြို့နယ်နှင့်အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ- ဖား​ဆောင်းPDF)

မြန်မာ-ထိုင်းနယ်စပ် ကရင်နီ (ကယား)ပြည်နယ်ထဲမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုအတွင်းမှာစစ်​ကောင်စီတပ်ကလေကြောင်းက ဗုံးမှားကြဲမိလို့ စစ်ကောင်စီ ကြည်းတပ်သား တစ်ဒါဇင်လောက် သေဆုံးခဲ့တယ်လို့ ထိုင်း PBS သတင်းဌာနက​​ဖော်ပြပါတယ်။

ဩဂုတ် ၅ ရက်က တိုက်ပွဲတွေ ပြင်းထန်နေချိန်အတွင်း ထိုင်းနယ်စပ်နဲ့ ကီလိုမီတာ ၃၀ (၁၈ မိုင်​ကျော်) လောက်အကွာမှာ တည်ရှိတဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီ တပ်မတော် (KA)တို့ရဲ့ စစ်စခန်းတွေကို စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၃ စီးက ဗုံးကြဲခဲ့ပါတယ်။

လေယာဉ်တွေ ကြဲချတဲ့ ဗုံးတွေက မြေပြင်မှာ ရှိနေတဲ့ သူတို့ရဲ့ တစ်ဖွဲ့တည်းသား စစ်ကောင်စီ ကြည်းတပ်သားတွေပေါ် တည့်တည့်ကျလို့ ၁၂ ယောက်လောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းဌာန PBSက ဆိုပါတယ်။

(စစ်​ကောင်စီတပ်က ဇွန်လတွင် ဖား​ဆောင်မြို့နယ်အတွင်း ​လေ​ကြောင်းမှ ဗုံးကျဲစဥ်/ ဖား​ဆောင် ၊မယ်စဲ့မြို့နယ်နှင့်အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ- ဖား​ဆောင်းPDF)
(စစ်​ကောင်စီတပ်က ဇွန်လတွင် ဖား​ဆောင်မြို့နယ်အတွင်း ​လေ​ကြောင်းမှ ဗုံးကျဲစဥ်/ ဖား​ဆောင် ၊မယ်စဲ့မြို့နယ်နှင့်အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု။ ဓါတ်ပုံ- ဖား​ဆောင်းPDF)

အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကရင်နီ တော်လှန်ရေးတပ်သား ၂ ဦး ကျဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဒဏ်ရာရသူတွေကို တော်လှန်ရေး ရဲဘော်တွေက ထိုင်းဖက်ခြမ်းကို ပို့ဆောင်ပြီး ကုသပေးနေတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနဲ့ ကရင်နီတပ်တွေ တိုက်ပွဲဖြစ်ချိန်တုန်းက ကရင်အမျိုးသား အစည်းအရုံး (KNU)ကလည်း ကရင်နီ ခုခံရေးတပ်တွေကို အကူအညီပေးဖို့ တပ်တွေ ဖြန့်ထားခဲ့ကြောင်း ထိုင်းPBSရဲ့ သတင်းကဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ကရင်နီ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်​ကောင်စီရဲ့ စခန်းတွေကိုပြန် သိမ်းယူဖို့နဲ့ တော်လှန်ရေး အဖွဲ့တွေလက်ထဲ ကျရောက်သွားတဲ့ ၁၂၀ မမ မော်တာ ၇ လက်နဲ့ မော်တာကျည်ဆန် ၁၂၀၀၀ လောက်ကို ပြန်လည် ရယူနိုင်ဖို့ ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်သား ၃၀၀ ဝန်းကျင်လောက်ဟာ သံလွင်မြစ်ကို ဖြတ်ကူးနိုင်ခဲ့ပြီး နောက်ထပ် ၃၀၀ လောက်ကလည်း မြစ်ကိုဖြတ်ဖို့ ပြင်ဆင်ပြီး ကရင်နီ တော်လှန်ရေး တပ်တွေကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

People’s Spring စုံစမ်းရရှိတဲ့ အချက်အလက်​တွေအရ

စစ်​ကောင်စီတပ်​မှ အင်အား ၃၀၀ ​လောက်ဟာ သံလွင်မြစ်အ​ရှေ့ဘက်ခြမ်းကို ဖြတ်ကူးနိုင်ခဲ့​ပေမယ့် ဖား​ဆောင်းမြို့နယ်ထဲမှာပဲရှိ​နေပြီး​တော့ မယ်စဲ့မြို့နယ်ကို ထိုး​ဖောက်မဝင်​ရောက်နိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ စစ်​ကောင်စီတပ်​လေယာဥ်ဗုံးမှားကျဲတာ သိ​ပေမယ့် ဘယ်နှစ်ဦး​သေတယ်ဆိုတာမသိဘူးလို့ ကရင်နီစစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြန်မာဖက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဆီက ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံတွေကို နယ်စပ်တလျှောက် ထိုင်းကျေးရွာတွေကပါ အတိုင်းသား ကြားနေခဲ့ရတယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ နယ်ခြားစောင့် တာဝန်ရှိသူတွေက တိုက်ပွဲတွေကြောင့် မြန်မာဖက်ကနေ ထွက်ပြေးခိုလှုံလာသူ စစ်ရှောင် ၃၈၈၆ ဦးကို ရပ်ကွက် ၃ ခုထဲက ယာယီ ဒုက္ခသည်စခန်း ၅ ခုမှာ နေရာချပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။

ကရင်နီ ပူး​ပေါင်းတပ်​တွေဟာ ဇွန်အတွင်းမှာ မယ်စဲ့မြို့အပါအဝင် တစ်မြို့နယ်လုံးအတွင်းမှာရှိတဲ့ စစ်​ကောင်စီတပ်စခန်း​တွေအားလုံးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

စစ်​ကောင်စီတပ်က ​လေ​ကြောင်းပစ်ကူအများအပြားနဲ့ စခန်း​တွေပြန်ရဖို့ကြိုးစား​ပေမယ့် နယ်ခြား​စောင့်တပ်စခန်း အနည်းငယ်ကိုသာ ကရင်နီတပ်​တွေက တိုက်ခိုက်ပြီး စခန်းမထိုင်ဘဲ ထားတဲ့အတွက် စစ်​ကောင်စီက ပြန်​နေရာယူနိုင်ခဲ့တယ်လို့ ကရင်နီ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။