Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများ ပြင်းထန်လာ၍ ထုံခါ-မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ပကဖ ယာယီပိတ်

ဇူလိုင် ၁၅ ရက် နံနက် ၇နာရီမှာစတင်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

(တနင်္သာရီတိုင်းသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝငွများကို ဇူလိုင်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များမှ)
(တနင်္သာရီတိုင်းသို့ စစ်​ကြောင်းထိုးလာ​သော စစ်​ကောင်စီတပ်ဖွဲ့ဝငွများကို ဇူလိုင်လဆန်းက​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များမှ)

တနင်္သာရီတိုင်းရှိ မောတောင်နယ်စပ်ကုန်သွယ်စခန်းကိုသွားသည့် ထုံခါ-မောတောင်လမ်းကိုယ​နေ့( ဇူလိုင်၁၆ရက်)မှစ၍ ယာယီပိတ်လိုက်ကြောင်းတနင်္သာရီမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကထုတ်ပြန်လိုက်သည်။

ဇူလိုင် ၁၅ ရက်မှစတင်ပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားလာနေခြင်းကြောင့် ခရီးသွားပြည်သူများထိခိုက်မှုမရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိ​ပေးထားသည်။

လက်ရှိတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ပိုမိုပြင်းထန်လာမည်ဟုလည်း ဒေသခံကာကွယ်ရေးအဖွဲ့များက​ပြောသည်။

ဇူလိုင် ၁၅ ရက် နံနက် ၇နာရီမှာစတင်ပြီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများပါ အသုံးပြုခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဒဏ်ရာရသူများကို ထိုင်းနိုင်ငံပရာကျွတ်မြို့ရှိ ဆေးရုံးသို့မောတောင်နယ်စပ်ကုန်သွယ်စခန်းရှိ ကျောက်ပြားစခန်းမှ တင်ပို့နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲက ဒီနေ့လည်း ဖြစ်နေတယ်။ ကုန်တင်တဲ့ကားတွေကိုတော့ နှစ်ဖက်လုံးက သွားခွင့်မပေးဘူး”ဟု ကုန်တင်ကာယာဥ်​မောင်းတစ်ဦးကပြောသည်။

တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးလည်းတနင်္သာရီမြို့နယ်ကထုံခါ-မောတောင်လမ်းတွင်တိုက်ပွဲဖြစ်ပွား​နေပြီးလမ်းပိုင်းကို နေ့ရောညပါ ခရီးသွားလာခြင်းမပြုရန် ယ​​နေ့ည​နေပိုင်းတွင်ထပ်မံ​ကြေညာသည်။

Public Service Announcement
Public Service Announcement

မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းသည် နိုင်ငံအတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ခုအနက်မှ တစ်ခုဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။ အဆိုပါကုန်သွယ်ရေးစခန်းက စစ်တပ်အာဏာမသိမ်းခင်က ၂၀၁၉-၂၀ ဏ္ဍာနှစ်က ကုန်သွယ်မှုစုစုပေါင်း ဒေါ်လာ ၁၈ သန်းကျော်ဖိုး နှစ်နိုင်ငံကုန်သွယ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းအနီးတိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ထိုင်နိုင်ငံသို့ ပို့ကုန်အများစုကို မောတောင်နယ်စပ်ကုန်သွယ်စခန်းက တင်ပို့နေပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ဒေါ်လာ ၁၅သန်းရှိခဲ့သည်။ထိုကုန်သွယ်မှုတွင် ပြည်တွင်းမှ တင်ပို့သည် ပို့ကုန်အများစုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။