Connect with us

Hi, what are you looking for?

သတင်း

ရွာငံတွင် ချိတ်ပိတ်ခံထားရသည့်နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

တိုက်ခိုက်မှုသတင်းကို ယနေ့မှ ထုတ်ပြန်ရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများကို ဖော်ပြပေးနေသည့် Voice Of Pindaya က ဆိုသည်။

ရွာငံတွင် ချိတ်ပိတ်ခံထားရသည့်နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်
ရွာငံတွင် ချိတ်ပိတ်ခံထားရသည့်နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် ချိတ်ပိတ်ခံထားရသည့်နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတိုက်ခိုက်ရာ စစ်သား နှစ်ဦး သေဆုံးခဲ့သည်။

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀ခန့်တပ်စွဲထားသော နေအိမ်ကိုရွာငံမြို့နယ်အခြေစိုက် မှော်ဘုရင်စစ်ကြောင်း (YMBY)က ဩဂုတ် ၁ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့ဒီဒေသမှာပြန်လှုပ်ရှားတဲ့ ပထမဆုံးမစ်ရှင်ဖြစ်တယ်။ နှစ်ကောင် သေတာ အတည်ပြုနိုင်ခဲ့တယ်။သုံးကောင်ကတော့ဒဏ်ရာရပြီးထွက်ပြေးသွားတယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှုမရှိပါဘူး”ဟု မှော်ဘုရင်စစ်ကြောင်းအဖွဲ့က ဆက်သွယ်ရေးနှင့်ပြန်ကြားရေးတာဝန်ခံ ကိုထွဋ်ခေါင်က ပြောသည်။

တိုက်ခိုက်မှုသတင်းကို ယနေ့မှ ထုတ်ပြန်ရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများကို ဖော်ပြပေးနေသည့် Voice Of Pindaya က ဆိုသည်။

Public Service Announcement

Public Service Announcement

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လူငယ်များနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသည့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဖွဲ့စည်းထားသော ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) က စစ်အာဏာရှင်အား အမြစ်ဖြတ်တိုက်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရန်အတွက်တိုက်ပွဲဝင်မည်ဟု ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်ကထုတ်ပြန်ခဲ့သည်။

ထို‌နောက်ပိုင်းတွင် စစ်ကောင်စီက ပင်းတယနှင့် ရွာငံမြို့နယ်တို့ကို လုံခြုံရေးတင်းကြပ်ပြီးနောက် ဒေသခံများကို ဖမ်းဆီးနေသည်။ ထိုအခြေအနေများကြားမှ မှော်ဘုရင်စစ်ကြောင်းက တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။