Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းပြန်ပေါ်လာ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မနရွာ မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။

ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းပြန်ပေါ်လာ
ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းပြန်ပေါ်လာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာ မြေစာပုံပြိုကျရာမှာ ပျောက်ဆုံးနေသူ ၃၇ ဦးအနက် ဒီမနက်ပိုင်းမှာ ၆ ဦးရဲ့ရုပ်အလောင်းကိုပြန်တွေ့ရပြီလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံကသိရပါတယ်။

ဒီမနက်ပိုင်း မနက် ၆ နာရီခန့်မှာ နွံ့ကန်ထဲကနေ ရုပ်အလောင်းအချို့ ပြန်ပေါ်လာတာပါ။

” ထပ်ပေါ်လာဖို့လည်းရှိနိုင်တယ်၊ မိုးကလည်းဆက်တိုက်ရွာနေတော့ အန္တရာယ်များသလို သယ်ရတာလည်း ခက်ခဲမှုတွေရှိနေတယ်” လို့ ကယ်ဆယ်ရေးပါဝင်သူအမျိုးသားတစ်ဦးကပြောပါတယ်။

ရုပ်အလောင်းပြန်တွေ့ရတဲ့ ၆ ဦးအနက် ၂ ဦးရဲ့ အမည်ကိုသာသိရသေးတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မနရွာ မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စာရင်းအရ မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးနေသူ ၃၇ ဦးရှိတယ်လို့သိရပါတယ်။

ဒါအပြင်ဒဏ်ရာရခဲ့သူ ၈ ဦးရှိခဲ့ပြီး ဆေးရုံမှာ ကုသမှု ခံယူခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိကန်တော်ကြီး(ရေကန်)မှာရိုက်နှက်နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုမနေ့ ( ဇူလိုင်လ ၃ ရက်) ညနေပိုင်းမှာတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။