Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြေစာပုံပြိုကျမှု ပျောက်ဆုံးသူ ၃၀ကျော် အနက် ရုပ်အလောင်းနှစ်လောင်း ရှာတွေ့

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း မြေစာပုံတစ်ခုပြိုကျခဲ့‌သေးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

(မနမှော် မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TH)
(မနမှော် မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TH)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ သြဂုတ် ၁၃ ရက်ကဖြစ်ခဲ့သည့် မြေစာပုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၃၀ကျော်အနက် နှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်က ရှာဖွေတွေ့ရှိထားသည်။

“အခုမနက်နှစ်လောင်း ပြန်တွေ့တယ်။ ဒီနေ့ဆို သုံးရက်မြောက်နေ့ဖြစ်ပြီ။ စာရင်းလာပေးထားသူတွေကတော့ ငိုငိုရီရီနဲ့ စောင့်နေကြတုန်းပါ”ဟု ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောသည်။

ဖားကန့်မြို့နယ် မနမှော်မှ မြေစာပုံတစ်ခုသည် သြဂုတ်၁၃ ရက် ညနေ ၃နာရီခွဲခန့်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

ရေမဆေးရှာဖွေနေသူ ၃၄ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံ သက်ဆိုင်ရာမိသားစုဝင်များက စာရင်းပေးထားသည်။ ထိုဖြစ်စဉ်တွင် ဒဏ်ရာရသူ ရှစ်ဦးရှိခဲ့ပြီးဖားကန့်ဆေးရုံ၌ တက်ရောက်ကုသနေရဆဲဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း မြေစာပုံတစ်ခုပြိုကျခဲ့‌သေးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၂၄ရက် နေ့လယ်ပိုင်းမှာ ရေမဆေးကျောက်ရှာသူတွေရှိနေတဲ့ မြေစာပုံပြိုကျပြီး ရေမဆေးသမား သုံးဦး ဒဏ်ရာရသွားပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။