Connect with us

Hi, what are you looking for?

သတင်း

မုံရွာ၊ ကလေးနှင့် ဆားလင်းကြီးရှိ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီနေရာများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်

စစ်ဆင်ရေးများတွင် Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ မုံရွာခရိုင်တပ်ရင်း(၂၄)ခွဲ(၃)(၄)၊ မုံရွာ၊ပကဖ၊ wings Of Kalay ကလေး၊ ကျောက်လုံးကြီးKLGတပ်မဟာ

(ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ဒေါင်းတမာန်)
(ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ဒေါင်းတမာန်)

စစ်ကိုင်းတိုင်း၊ မုံရွာ၊ ကလေးနှင့် ဆားလင်းကြီးမြို့နယ်တို့ရှိ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီတပ်စွဲရာနေရာများအား မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည် ယမန်နေ့ (သြဂုတ် ၁၅ ရက်) နံနက် ၉ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်၊ကျားတက်ရဲစခန်းအတွင်းဗုံးသီး ငါးလုံး ချတိုက်ခိုက်ခဲ့သည်။

“သူတို့နားနေဆောင်၊ဂိတ်တဲ၊လက်နက်ကြီးနေရာ၊ဘန်ကာနဲ့အိပ်ဆောင်နေရာတွေကိုချခဲ့တာပါ။ သူတို့ပြန်ပစ်တာကတော့လေယာဉ်သံ စကြားကတည်းက အသံပျောက်တဲ့ အထိရမ်းသမ်းပြီးပစ်တာပါ။ ၁၀ မိနစ်ခန့်တော့ ပြန်ပစ်ပါတယ်။”ဟု ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

ဒုတိယမြောက်စစ်ဆင်ရေးအဖြစ် နေ့လယ် ၁၂ နာရီခန့်တွင် ကလေးမြို့အ၀င် စစ်ဆေးရေးဂိတ်ကို ဗုံးသီး နှစ်လုံး ချတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

“ကလေးမှာက အင်အား၇၀ခန့်ရှိတဲ့ ဂိတ်နေရာနဲ့ သူတို့နေတဲ့ဂိုထောင်ကြီးထဲကိုချခဲ့တာပါ။ ထိခိုက်ဒဏ်ရာအပြင်အသေအပျောက်လဲရှိနိုင်ပါတယ်။ စုံစမ်းထောက်လှမ်းနေဆဲပါ။”ဟု ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

ကလေးမြို့အဝင် စစ်ဆင်ရေးတွင် စစ်တပ်ကပြန်လည်ပစ်ခတ်ခဲ့၍ ဒရုန်းတစ်စီး ပျက်ကျပျောက်ဆုံးခဲ့ကြောင်း သိရသည်။

တတိယမြောက်စစ်ဆင်ရေးကို ညနေ ၅နာရီခန့်တွင် မုံရွာမြို့စီးပွားရေးတက္ကသိုလ်ဝင်းရှိ စစ်ကောင်စီတပ်စွဲရာ နေရာအား ဗုံးသီး တစ်လုံး၊ ကျောင်းရှေ့ရှိ ဂိတ်စခန်းအားဗုံးသီး တစ်လုံး၊ ကျောင်းထဲရှိလက်နက်ကြီးပစ်ကွင်းနေရာအားဗုံးသီး တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးက ထပ်မံအသိပေးသည်။

“အီကိုကျောင်းထဲ ဒရုန်းနဲ့ချတာ။ ပြန်ပစ်တာလည်းကြားရတယ်။”ဟု မုံရွာမြို့ပေါ်နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့်ပါ ပြန်ပစ်ခတ်ခဲ့သော်လည်း စစ်ဆင်ရေးရဲဘော်များမှာမူ အထိအခိုက်မရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ဒရုန်းလေယာဉ်လေးတွေက လက်လုပ်ဆိုတော့ မောင်းရင်းပျက်စီးသွားလို့မောင်းစရာမရှိမှဘဲနားတာပါ။ နားတယ်ဆိုတာမစ်ရှင်ဘဲနားတာပါ။ ရဲဘော်တွေကတော့မနားရပါဘူး။ လေယာဉ်ပြန်ဆောက်ကြရပါတယ်။ မစ်ရှင်တွေကဆက်ရက်ဆိုတော့ ဗုံးသီးကအဓိကလိုအပ်ချက်ဖြစ်နေတယ်။”ဟု ရှင်းပြသည်။

စစ်ဆင်ရေးများတွင် Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ မုံရွာခရိုင်တပ်ရင်း(၂၄)ခွဲ(၃)(၄)၊ မုံရွာ၊ပကဖ၊ wings Of Kalay ကလေး၊ ကျောက်လုံးကြီးKLGတပ်မဟာ

၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာတော်၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေးနှင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သြဂုတ် ၁၄ ရက်ကလည်း မုံရွာအမှတ်(၂)ရဲစခန်းတိုက်ခိုက်တွင် ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုလည်းရှိကြောင်း၊ ယမန်နေ့လုံခြုံရေးယူ၍ သင်္ဂြုလ်နေသည်ဟု သိရကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီး​နောက် စစ်တပ်က လက်နက်ကြီးအ​သေးများဖြင့်ပြန်ပစ်ခတ်ကာ ၊အနီးဝန်ကျင်း​ကျေးရွာများကို စစ်​ကြောင်းထိုး

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။