Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ရှိ တိုင်းရဲရုံး၊ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်

သြဂုတ် ၁၃ရက် ညနေ ၅နာရီခွဲခန့်က မုံရွာမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဗုံးသီး နှစ်လုံး၊ တိုင်းရဲတပ်ဖွဲ့ရုံးအတွင်းသို့ ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးရဲဘော်များ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ဒေါင်းတမန်)
(ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးရဲဘော်များ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ဒေါင်းတမန်)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ တိုင်းရဲတပ်ဖွဲ့ရုံး၊ စစ်ကောင်စီအကြီးအကဲများအစည်းအဝေးလုပ်နေသည့်အဆောင်အပါအဝင် ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ဆေးရေးဂိတ်မတို့အား သုံးရက်ဆက် မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁၃ရက် ညနေ ၅နာရီခွဲခန့်က မုံရွာမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ဗုံးသီး နှစ်လုံး၊ တိုင်းရဲတပ်ဖွဲ့ရုံးအတွင်းသို့ ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

သို့သော် ထွေအုပ်ရုံးသို့ ဗုံးသီးချခဲ့သော Fixed Wing ဒရုန်းတစ်စီးမှာ ပျက်ကျပျောက်ဆုံးခဲ့ရသည်ဟု ၎င်းက ဆိုသည်။

သြဂုတ် ၁၄ ရက် နေ့လယ် ၂ နာရီခွဲခန့်ကလည်း မုံရွာမြို့အနီး သာစည်ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်အား ဗုံးသီး နှစ်လုံး၊ ညနေ ၆ နာရီခန့်တွင် မုံရွာမြို့ပေါ်ရှိ အမှတ်(၂)ရဲစခန်းဝင်းအတွင်းသို့ ဗုံးသီး နှစ်လုံး ဒရုန်းဖြင့်ချ တိုက်ခိုက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့(သြဂုတ် ၁၅ ရက်) နံနက် ၉ နာရီ ၁၀မိနစ်ခန့်ကလည်း မုံရွာမြို့ အမှတ်(၂)ရဲစခန်းအနီး၌ စစ်ကောင်စီအကြီးအကဲများ အစည်းအဝေးပြုလုပ်နေသည့် အဆောင်ရှေ့သို့ ဗုံးသီးတစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဝင် သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အစည်းအဝေးသို့လာရောက်သော ကားများလည်းထိခိုက်ပျက်စီးခဲ့သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများတွင် စစ်ကောင်စီဝင်များ ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့က လက်နက်ကြီး၊ ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ဆင်ရေးရဲဘော်များမှာမူ အထိအခိုက်မရှိဟု ၎င်းက ဆိုသည်။

“ခုထိတော့ မသိရသေးဘူး။ ပစ္စည်းဆုံးရှုံးမှုလဲ မရှိခဲ့ပါဘူး။ အားရပါတယ်။ တော်လှန်ရေးသမားတွေသုံးနေကြစကားနဲ့ပြောရရင်မစ်ရှင်အောင်တယ်ပေါ့။”ဟု ဒေါင်းတမာန်လေကြောင်းစစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

“ပစ်မှတ်အနီးစပ်ဆုံးကျပါတယ်။ လေကြောင်းကွာလည်း ၁၀ ပေပတ်လည်းအတွင်းပါပဲ။ ကိုယ့်ဗုံးသီးနဲ့ကိုယ်အကြိမ်ကြိမ်လေ့ကျင့်ထားတာပါ။ကိုယ့်မှာ ဗုံးသီးမရှိလို့ သူများဆီကဗုံးသီးသုံးရရင်တော့ ကွာခြားချက်လေးအနည်းငယ်ရှိနိုင်ပါတယ်။ ဒါကလည်း မပြောပလောက်ပါဘူး။တအားကြီး လွဲချော်ခဲ့တာတော့ မရှိဖူးပါဘူး။”ဟု ထိုတာဝန်ရှိသူက ရှင်းပြသည်။

ဒရုန်းစစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်၏ ပြန်လည်ပစ်ခတ်သံများ ကြားလိုက်ရကြောင်း မုံရွာမြို့ပေါ်နေထိုင်သူအချို့က ပြောသည်။

“သာစည်ရဲစခန်းကိုချတာ ရက်ရက်စက်စက်ပဲ။ ပြန်ပစ်တာလည်း တရစ​ပ်ပဲ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ ဒရုန်းစစ်ဆင်ရေးများတွင် Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ Monywa Ranger၊မုံရွာခရိုင်တပ်ရင်း(၂၄)၊ မုံရွာ၊ပကဖ၊ wings Of Kalay ကလေး၊ ကျောက်လုံးကြီးKLGတပ်မဟာ၊အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာတော်၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊မဖြူလေးနှင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် သြဂုတ် ၁၃ ရက် နံနက် ၅နာရီခွဲခန့်ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ ဘန်ကာ၊ စက်လှည့်နေရာနှင့် စစ်ကောင်စီတပ် အထိုင်ချနေထိုင်ရာ နေရာသုံးခုအား ဗုံးသီး ရှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအရှေ့ခြမ်း ၊ ရွှေကျင်မြို့နယ်ထဲကစစ်တောင်းမြစ်ဘေးမှာရှိတဲ့ကွမ်းဆိပ်ရွာ နယ်မြေရဲစခန်းကို KNU/KNLA တပ်မဟာ (၃) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဧပြီလ ၂၃ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ဆောင်းပါး

လွန်ခဲ့တဲ့ လေးနှစ် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မုံရွာမြို့ပေါ်မှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ မုံရွာလူထုအတွက် မေ့မရတဲ့နေ့တနေ့ပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်လို့ ကျလာပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ၃ ရက်ကြာတဲ့အထိ မဖယ်ရှားရသေးလို့ ပြည်သူတွေစိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေး​မြို့မရဲစခန်း အချုပ်ခန်း၌ ရဲများအား ပစ်ခတ်ထွက်ပြေးသွားသူများကို ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။