Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်တွင် ကျောင်းကားအပါအဝင် ကားသုံးစီးဆင့်တိုက်၍ ကျောင်းသားအချို့ ဒဏ်ရာရ

ယနေ့ (သြဂုတ် ၁၆) ညနေ ၄ နာရီခွဲခန့်တွင် အောက်မင်္ဂလာဒုံလမ်းပေါ်၌ ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်လွန်ပြီး ကိုယ်ပိုင်အထက်ကျောင်းတစ်ခု၏ ကျောင်းကားနှင့် အိမ်စီးကားတို့ကို ဝင်တိုက်ကာ သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အောက်မင်္ဂလာဒုံလမ်းတွင် ကိုယ်ပိုင်အထက်ကျောင်းတစ်ခု၏ ကျောင်းကားအပါအဝင် ကား သုံးစီးဆင့်တိုက်၍ ကျောင်းသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံပြည်သူများက ပြောသည်။

ယနေ့ (သြဂုတ် ၁၆) ညနေ ၄ နာရီခွဲခန့်တွင် အောက်မင်္ဂလာဒုံလမ်းပေါ်၌ ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်လွန်ပြီး ကိုယ်ပိုင်အထက်ကျောင်းတစ်ခု၏ ကျောင်းကားနှင့် အိမ်စီးကားတို့ကို ဝင်တိုက်ကာ သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ကုန်ကားက အရှိန်လွန်ပြီး ကျောင်းကားနဲ့ အိမ်စီးကားကို ဝင်တိုက်တာပါ။ ကျောင်းကားပေါ်က ပါလာတဲ့ ကလေးတွေ၊ ဆရာ၊ ဆရာမနဲ့ ကားဆရာဒဏ်ရာရသွားပါတယ်။ စိုးရိမ်ရတဲ့ ဒဏ်ရာမျိုးတော့ မဟုတ်တာတွေ့ရတယ်။ ကျောင်းကားမောင်းတဲ့သူ တစ်ယောက်ကတော့ ကားခေါင်းမှာ ညှပ်နေလို့ မနည်းဆွဲထုတ်လိုက်ရပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်းကားပေါ် လိုက်ပါလာသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ ဆရာ၊ဆရာမ ၇ ဦး၊ နိုင်ငံခြားသားကျောင်းဆရာတစ်ဦးနှင့် ယာဥ်မောင်းတစ်ဦး စုစုပေါင်း ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျောင်းကားပေါ်က သူတွေ အဓိကထိခိုက်မိကြတယ်။ ယာဥ်မောင်းဆိုရင် ခေါင်းခန်းမှာ ညှပ်နေလို့ မိနစ် ၂၀ ကျော်လောက် ခက်ခက်ခဲခဲကယ်ထုတ်လိုက်ရတယ်။ ကြီးကြီးမားမား ထိခိုက်မိကြတာတော့ မရှိပါဘူး။ ဒဏ်ရာရတဲ့သူတွေကို အင်းစိန်ဆေးရုံကို ပို့ပေးလိုက်ပါတယ်”ဟု ပရဟိတအဖွဲ့ဝင်က ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။