Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများ ဒေါ်လာကိုင်ဆောင်ခွင့်ကို စစ်ကောင်စီတားမြစ်၊ခွင့်ပြုချက်/လိုင်စင်မရှိဘဲကိုင်ဆောင်ထားပါကထောင် ၃နှစ်ချမည်ဟုခြိမ်းခြောက်

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

(လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာအမြဲလို​နေ​သော စစ်​ကောင်စီက ပြည်သူများ​ဒေါ်လာမကိုင်ရဲ​အောင် ပုံစံမျိုးစုံဖြင့် ခြိမ်း​ခြောက်​နေသည်။ဓါတ်ပုံ-AFP)
(လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာအမြဲလို​နေ​သော စစ်​ကောင်စီက ပြည်သူများ​ဒေါ်လာမကိုင်ရဲ​အောင် ပုံစံမျိုးစုံဖြင့် ခြိမ်း​ခြောက်​နေသည်။ဓါတ်ပုံ-AFP)

-“ပြည်သူလူထံမှာ ဒေါ်လာအရွက်တွေက သိန်း၊သန်းချီရှိနေတာကို သူတို့က သိထားတော့ ဒါတွေကို သူတို့ဆီရောက်လာအောင် အကြံဆိုးနဲ့လုပ်နေတာ” လုပ်ငန်းရှင်တစ်ဦး

အ​မေရီကန်ဒေါ်လာငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီကပြည်သူများကို ဒေါ်လာကိုင်ဆောင်ခွင့်မပေးတော့ဘဲ တားမြစ်လိုက်ပြီး ခွင့်ပြုချက်/လိုင်စင်မရှိဘဲ ကိုင်ဆောင်ထားပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ယနေ့ထုတ်ပြန် ခြိမ်းခြောက်လိုက်သည်။

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

ပြည်တွင်းနေထိုင်သူများသည် ဒေါ်လာကိုင်ဆောင်လိုပါက နိုင်ငံခြားငွေများကို တရားဝင်နည်းလမ်းဖြင့်ရရှိထားရမည်ဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။ ထိုနည်းလမ်းဖြင့်ရရှိထားသော်လည်း အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေများကို ခြောက်လသာ ကိုင်ဆောင်ခွင့်ရှိမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဆိုသည်။

၆လကျော်လွန်ပါက နိုင်ငံခြားငွေကို သတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချရမည်ဖြစ်ပြီး အကယ်၍ မရောင်းချဘဲ ဆက်လက်ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ အရအရေးယူမည်ဟုခြိမ်းခြောက်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းနေထိုင်သူများဆိုသည်မှာ သံရုံးဝန်ထမ်းများမှအပ နိုင်ငံတော်အတွင်း ရက်ပေါင်း ၁၈၃ ရက်နေထိုင်ခဲ့သူများဖြစ်သည်ဟု အထက်ပါဥပဒေထဲတွင်ပြဌာန်းထားသည်။

“ဒေါ်လာနဲ့ လစာရတဲ့ သင်္ဘောသားတို့၊ နိုင်ငံခြားကုမ္ပဏီဝန်ထမ်းတို့ကို ဒေါ်လာစုထားလို့မရအောင် ခြိမ်းခြောက်တဲ့သဘောပါပဲ။ ဒေါ်လာကို ပြည်သူတွေ မကိုင်ရဘဲသူတို့ဘဲကိုင်ခွင့်ရှိတော့မယ်သဘော”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒေါ်လာလိုအပ်ချက်ကြီးမားလာသည့် စစ်ကောင်စီက ပြည်သူလူထုထံတွင်ရှိနေသည့် ဒေါ်လာငွေသားအရွက်များကို လိုချင်နေပြီးထိန်းချုပ်ရန်စီစဉ်နေခြင်းဖြစ်သည်ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။

“ပြည်သူလူထံမှာ ဒေါ်လာအရွက်တွေက သိန်း၊သန်းချီရှိနေတာကို သူတို့က သိထားတော့ ဒါတွေကို သူတို့ဆီရောက်လာအောင် အကြံဆိုးနဲ့လုပ်နေတာ”ဟု အထက်ပါလုပ်ငန်းရှင်ကသူ၏ အမြင်ကိုဆက်ပြောသည်။

နိုင်ငံသားတိုင်းသည် စစ်ကောင်စီထုတ်ကျပ်ငွေကိုသာကိုင်ဆောင်ရမည်ဖြစ်ပြီး ဒေါ်လာကိုင်ဆောင်လိုပါက ဝင်ငွေရလမ်းပြရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဩဂုတ် ၁၉ ရက်က စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူခြိမ်းခြောက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။