Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများ ဒေါ်လာကိုင်ဆောင်ခွင့်ကို စစ်ကောင်စီတားမြစ်၊ခွင့်ပြုချက်/လိုင်စင်မရှိဘဲကိုင်ဆောင်ထားပါကထောင် ၃နှစ်ချမည်ဟုခြိမ်းခြောက်

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

(လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာအမြဲလို​နေ​သော စစ်​ကောင်စီက ပြည်သူများ​ဒေါ်လာမကိုင်ရဲ​အောင် ပုံစံမျိုးစုံဖြင့် ခြိမ်း​ခြောက်​နေသည်။ဓါတ်ပုံ-AFP)
(လက်နက်နှင့် ​လေယာဥ်ဆီဝယ်ယူရန် ​ဒေါ်လာအမြဲလို​နေ​သော စစ်​ကောင်စီက ပြည်သူများ​ဒေါ်လာမကိုင်ရဲ​အောင် ပုံစံမျိုးစုံဖြင့် ခြိမ်း​ခြောက်​နေသည်။ဓါတ်ပုံ-AFP)

-“ပြည်သူလူထံမှာ ဒေါ်လာအရွက်တွေက သိန်း၊သန်းချီရှိနေတာကို သူတို့က သိထားတော့ ဒါတွေကို သူတို့ဆီရောက်လာအောင် အကြံဆိုးနဲ့လုပ်နေတာ” လုပ်ငန်းရှင်တစ်ဦး

အ​မေရီကန်ဒေါ်လာငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီကပြည်သူများကို ဒေါ်လာကိုင်ဆောင်ခွင့်မပေးတော့ဘဲ တားမြစ်လိုက်ပြီး ခွင့်ပြုချက်/လိုင်စင်မရှိဘဲ ကိုင်ဆောင်ထားပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ယနေ့ထုတ်ပြန် ခြိမ်းခြောက်လိုက်သည်။

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ထားပါက နိုင်ငံခြားသုံငွေစီမံခန့်ခွဲဥပဒေအရ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးကိုဖြစ်​​စေ ချမှတ်မည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ထားခြင်းသည်။

ပြည်တွင်းနေထိုင်သူများသည် ဒေါ်လာကိုင်ဆောင်လိုပါက နိုင်ငံခြားငွေများကို တရားဝင်နည်းလမ်းဖြင့်ရရှိထားရမည်ဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။ ထိုနည်းလမ်းဖြင့်ရရှိထားသော်လည်း အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေများကို ခြောက်လသာ ကိုင်ဆောင်ခွင့်ရှိမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဆိုသည်။

၆လကျော်လွန်ပါက နိုင်ငံခြားငွေကို သတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချရမည်ဖြစ်ပြီး အကယ်၍ မရောင်းချဘဲ ဆက်လက်ကိုင်ဆောင်ထားပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ အရအရေးယူမည်ဟုခြိမ်းခြောက်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်တွင်းနေထိုင်သူများဆိုသည်မှာ သံရုံးဝန်ထမ်းများမှအပ နိုင်ငံတော်အတွင်း ရက်ပေါင်း ၁၈၃ ရက်နေထိုင်ခဲ့သူများဖြစ်သည်ဟု အထက်ပါဥပဒေထဲတွင်ပြဌာန်းထားသည်။

“ဒေါ်လာနဲ့ လစာရတဲ့ သင်္ဘောသားတို့၊ နိုင်ငံခြားကုမ္ပဏီဝန်ထမ်းတို့ကို ဒေါ်လာစုထားလို့မရအောင် ခြိမ်းခြောက်တဲ့သဘောပါပဲ။ ဒေါ်လာကို ပြည်သူတွေ မကိုင်ရဘဲသူတို့ဘဲကိုင်ခွင့်ရှိတော့မယ်သဘော”ဟု ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒေါ်လာလိုအပ်ချက်ကြီးမားလာသည့် စစ်ကောင်စီက ပြည်သူလူထုထံတွင်ရှိနေသည့် ဒေါ်လာငွေသားအရွက်များကို လိုချင်နေပြီးထိန်းချုပ်ရန်စီစဉ်နေခြင်းဖြစ်သည်ဟု အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောသည်။

“ပြည်သူလူထံမှာ ဒေါ်လာအရွက်တွေက သိန်း၊သန်းချီရှိနေတာကို သူတို့က သိထားတော့ ဒါတွေကို သူတို့ဆီရောက်လာအောင် အကြံဆိုးနဲ့လုပ်နေတာ”ဟု အထက်ပါလုပ်ငန်းရှင်ကသူ၏ အမြင်ကိုဆက်ပြောသည်။

နိုင်ငံသားတိုင်းသည် စစ်ကောင်စီထုတ်ကျပ်ငွေကိုသာကိုင်ဆောင်ရမည်ဖြစ်ပြီး ဒေါ်လာကိုင်ဆောင်လိုပါက ဝင်ငွေရလမ်းပြရမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဩဂုတ် ၁၉ ရက်က စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူခြိမ်းခြောက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

Facebook