Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တိုက်ပွဲအတွင်း အစုလိုက်သေဆုံးနေသည့် စစ်ကောင်စီတပ်သား အလောင်းများတွေ့

မကြာသေးမီရက်ပိုင်းက ဆောင်ရွက်ခဲ့သော နယ်မြေရှင်းလင်းမှုအရ စစ်ကောင်စီတပ်သားအလောင်း ၁၀ဦးထက်မနည်းတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

(သြဂုတ်၂ ရက်မှ ၁၄ ရက်အထိ ဒီးမော့ဆို -ဖရူဆို လမ်းမကြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ)
(သြဂုတ်၂ ရက်မှ ၁၄ ရက်အထိ ဒီးမော့ဆို -ဖရူဆို လမ်းမကြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ တိုက်ပွဲအတွင်း အစုလိုက်၊အပြုံလိုက် သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို နယ်မြေရှင်းလင်းစဥ် တွေ့ရှိကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။

မကြာသေးမီရက်ပိုင်းက ဆောင်ရွက်ခဲ့သော နယ်မြေရှင်းလင်းမှုအရ စစ်ကောင်စီတပ်သားအလောင်း ၁၀ဦးထက်မနည်းတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

“နယ်မြေရှင်းရင်း တွေ့တာပေါ့နော်။စစ်ရေးအရ လုပ်တာဖြစ်တဲ့အတွက် နေရာအသေးစိတ်ကိုတော့ ပြောပြလို့မရဘူးပေါ့နော်။တစ်ခုရှိတာကတော့ မကြာသေးမီက တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဒေသလို့ ပြောလို့ရတယ်”ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

ထို့အတူ နယ်မြေရှင်းလင်းမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့် ကိုင်ဆောင်သော ပစ္စတိုသေနတ် တွေ့ရှိခဲ့ကြောင်းလည်း ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သူ့အလောင်းတော့ မတွေ့ပေမယ့် စကစ ဘက် က ဘော်ဒီတော့ ရအောင်ပြန်ဆွဲသွားတယ်လို့ယူဆတယ်။ ကျန်တဲ့တပ်သားအလောင်းတွေကတော့ ဒီအတိုင်းပုံနေတာပေါ့”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယမန်နှစ်ကစ၍ ကရင်နီတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား အလောင်းများကို ဖယ်ခုံ၊လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ကရင်နီတပ်ပေါင်းစုက နယ်မြေရှင်းလင်းစဥ် တွေ့ရှိခဲ့ရမှုများရှိခဲ့သည်။

လက်ရှိ ကရင်နီဒေသတွင်း ဒီးမော့ဆို-ဖရူဆို လမ်းပိုင်း၊ ဖားဆောင်း-မယ်စဲ့ လမ်းပိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေဆဲ ဖြစ်သည်။

နယ်မြေရှင်းလင်းစဉ်တွေ့ရှိခဲ့သော စစ်ကောင်စီတပ်သားများ​၏ ရုပ်အလောင်းများ​၏ရုပ်သံဖိုင်ကို လူထုနွေဦး​၏ တယ်လီဂရမ်ချန်နယ်တွင် ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။