Connect with us

Hi, what are you looking for?

သတင်း

ကင်းပုန်းဝပ်ပြီးပြန်လာသည့်စစ်သားများတိုက်ခိုက်ခံရ

အရာတော်-မုံရွာလမ်းပိုင်းတ‌လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိခြေ‌ရှုပ်နေ၍ လမ်းအသုံးပြုမှုယာယီရပ်နားထားရန်ဒေသတွင်းတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

(စစ်အုပ်စုအား တိုက်ခိုက်နေသော ရဲဘော်နှစ်ဦး။ ဓာတ်ပုံ-CJ)
(စစ်အုပ်စုအား တိုက်ခိုက်နေသော ရဲဘော်နှစ်ဦး။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပေါ်တွင် ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ၁၂ ဘီးကား ၃ စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိကြောင်း Danger Force LPDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်​နေ့ (သြဂုတ် ၂၀) ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မုံရွာ – အရာတော်လမ်းမပေါ်၌ စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ၁၂ ဘီးကား ၃ စီးအား ပင်လုံဆီဆိုင်အနီးတွင် ဒေသတွင်း PDF၃ဖွဲ့က ပဒေသာမိုင်း(၉)လုံးဖောက်ခွဲပြီး စတင်တိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

ထို့နောက် ကိုက် ၅၀ အကွာမှ လက်နက်ငယ် များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား (၃) စီး ထိခိုက်ပျက်စီးမှုရှိကြောင်း၊ ထို့အပြင် ကားပေါ်ရှိ စစ်သား ၆ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရသည်ဟု တပ်တွင်းသတင်းပေးထံမှ သိရကြောင်း Danger Force LPDFအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။သို့​သော် စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement
Public Service Announcement

“အရာတော် စခတ ၁၀ ကနေ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့စခတွေပါ။ ကင်းပုန်းဝပ်ပြီး စခတ ၁၀ သို့ ပြန်တဲ့ ကားပါ။ အင်အား ၃၀ ပါတယ်။ ရိက္ခာလည်း ပါပါတယ်။”ဟု ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ယာဥ်တန်းပါ စစ်အုပ်စုက ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု သိရသည်။

ထိုစစ်ဆင်ရေးကို Danger Force LPDF၊Ayadaw Rocket တပ်ဖွဲ့၊ လင်းယုန်တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိုစစ်အုပ်စုသည် သြဂုတ် ၂၀ ရက်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အရာတော်မြို့ စ.ခ.တ (၁၀) မှ ထွက်လာပြီး အရပ်သားကုန်ကားများကို ချောဆွဲခေါ်ဆောင်သွားခဲ့သူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အရာတော်-မုံရွာလမ်းပိုင်းတ‌လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိခြေ‌ရှုပ်နေ၍ လမ်းအသုံးပြုမှုယာယီရပ်နားထားရန်ဒေသတွင်းတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။