Connect with us

Hi, what are you looking for?

သတင်း

ပုဂံ မြောက်ဂူနီဘုရားရဲ့ မုခ်ပေါင်းကူးပြိုကျ

အခုရက်ပိုင်း ပုဂံဒေသမှာ မိုးများချိန်မှာပဲ အခုလို ရှေးဟောင်းဘုရားရဲ့အစိတ်အပိုင်း အချို့ ပြိုကျပျက်စီးမှုဖြစ်ခဲ့တာပါ။

ပုဂံ မြောက်ဂူနီဘုရားရဲ့ မုခ်ပေါင်းကူးပြိုကျ

ဆိုင်းမင်း/People’s Spring

ပုဂံဒေသက ရှေးဟောင်းဘုရားတစ်ဆူဖြစ်တဲ့ မြောက်ဂူနီ ဘုရားရဲ့ တောင်ဘက်မုခ် မုခ်ပေါင်းကူးပြိုကျသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

“မနေ့(စက်တင်ဘာလ၇ ) ကပြိုတာလို့ ခန့်မှန်းမိတယ်” လို့ ပြိုကျပျက်စီးမှုကိုသွားရောက်ကြည့်ရှုခဲ့သူ ဒေသခံက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

တောင်ဂူနီ နဲ့ မြောက်ဂူနီ ဘုရားတွေဟာ ပုဂံမှာလူသိများတဲ့ ဘုရားတွေဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

အခုရက်ပိုင်း ပုဂံဒေသမှာ မိုးများချိန်မှာပဲ အခုလို ရှေးဟောင်းဘုရားရဲ့အစိတ်အပိုင်း အချို့ ပြိုကျပျက်စီးမှုဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဓမ္မရာဇက ဘုရား ရင်ပြင် အုတ်ခုံ၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်၊ သဗ္ဗညုဘုရားအုတ်တံတိုင်းနဲ့ ပုထိုးသားများဘုရား မုခ်ကပ် ပဲ့ကျတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...

သတင်း

မန္တလေးတိုင်း၊ပုဂံဒေသကိုလာရောက်လည်ပတ်တဲ့ရှေ့နေအမျိုးသားတစ်ဦးအပါအဝင်လေးဦးဟာရက်သတ္တပတ်နှစ်ပတ်နီးပါးကြာအဆက် အသွယ်ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။