Connect with us

Hi, what are you looking for?

သတင်း

၁၆ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ်ဝင်သိမ်း

အဲဒီစခန်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ စက်တင်ဘာလ ၆ ရက် မနက် ၅ နာရီခွဲကစတင်ပြီး ၂ နာရီကြာ တိုက်ခိုက်ပြီးနောက် သိမ်းလိုက်တာလို့ KNU တပ်မဟာ ၅ က သတင်းဖော်ပြပါတယ်။

၁၆ နှစ်ကြာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ်ဝင်သိမ်း

နိုင်ပကောင်း/People’s Spring

လွန်ခဲ့တဲ့ ၁၆ နှစ်က လာရောက်တပ်စွဲထားတဲ့ ကရင်ပြည်နယ် ဖာပွန်နယ်မြေက စစ်ကောင်စီတပ်ရဲ့ ခေးပူးစခန်းကို KNU တပ်မဟာ ၅ နဲ့ ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီစခန်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ စက်တင်ဘာလ ၆ ရက် မနက် ၅ နာရီခွဲကစတင်ပြီး ၂ နာရီကြာ တိုက်ခိုက်ပြီးနောက် သိမ်းလိုက်တာလို့ KNU တပ်မဟာ ၅ က သတင်းဖော်ပြပါတယ်။

Public Service Announcement
Public Service Announcement

ခေးပူးစခန်းကို စစ်တပ်က ၂၀၀၇ ခုနှစ်မှာ စတင်တပ်စွဲထားတာဖြစ်ပြီး အင်အား ၅၀ ခန့် ရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စခန်းကို ဝင်တိုက်ရာမှာတော့ စစ်ကောင်စီဘက်က အထိနာပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ တပ်မဟာ ၅ က ဆိုပါတယ်။

စခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းကနေ လာရောက် ဗုံးကြဲ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook