Connect with us

Hi, what are you looking for?

သတင်း

လူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီအား အမြန်အရေးယူရန် ကုလနှင့်ကမ္ဘာ့နိုင်ငံများထံ KNUတပ်မဟာ(၅) တောင်းဆို

စစ်ကောင်စီတပ်သည် ထိုသို့ ပြည်သူလူထုအား အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေခြင်းသည် KNUဖာပွန်ခရိုင် အတွင်းသာမက အခြားခရိုင်များနှင့် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင်လည်း အဆက်မပြတ်လုပ်ဆောင်နေသည်ဟု ဆိုသည်။

ခေးပူစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - KPSN

မောင်မောင်/People’s Spring

လက်နက်ကိုင်အင်အားစုနှင့် ပြည်သူကိုခွဲခြားမှုမရှိဘဲ နိုင်ငံတဝန်း၌‌ ပြည်သူများပစ်မှတ်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော စစ်ကောင်စီကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့ နိုင်ငံကြီး ဒီမိုကရေစီနိုင်ငံများအနေဖြင့် အမြန်ဆုံးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အလေးအနက်တောင်းဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၅)နယ်မြေတွင် စက်တင်ဘာ ၆ရက်က စစ်ကောင်စီ တပ်၏ ခေးပူတပ်စခန်းကို တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်တုံ့ပြန်လာခြင်းအပေါ် တပ်မဟာ(၅) က ဆန့်ကျင်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခေးပူစခန်းသိမ်းခံရပြီးနောက် စစ်ကောင်စီက တိုက်လေယာဉ်များ အသုံးပြုပြီး ဖာပွန်ခရိုင်အတွင်း လေးနေရာကို အလေးချိန် ပေါင် ၅၀၀ကျော်ရှိ ကလက်စ်တာဗုံး များလာရောက်ပစ်ခတ်ခဲ့ရာ ကျောင်းသား၊ကျောင်းသူ သုံးဦး၊ ဆရာတစ်ဦး သေဆုံးခဲ့ပြီး ကျောင်းသူ၊ကျောင်းသား လေးဦး၊ ဆရာမ တစ်ဦး၊ အရပ်သား တစ်ဦး ဒဏ်ရာရခဲ့သည်ဟု တပ်မဟာ(၅)က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ထိုသို့ ပြည်သူလူထုအား အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေခြင်းသည် KNUဖာပွန်ခရိုင် အတွင်းသာမက အခြားခရိုင်များနှင့် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသား ပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင်လည်း အဆက်မပြတ်လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကောင်စီအုပ်စုသည် ပြည်သူလူထုရွေးကောက်တင်မြောက်ခဲ့သော အစိုးရ ထံမှ အာဏာလု ယူခဲ့ပြီးနောက်၎င်းအား ဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစု အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုနှင့် ရင်ဆိုင်တိုက်ပွဲများဖြစ်ပါက ပြည်သူလူထု နေထိုင်ရာ ရွာများအတွင်းနှင့်လယ်ယာ၊ တောင်ယာ လုပ်ငန်းခွင်များအတွင်းသို့လက်နက်ကြီးများ၊ တိုက်လေ ယာဉ်များဖြင့် ပစ်ခတ်နေမှုများ မကြာခဏ လုပ်ဆောင်နေကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ဖာပွန်ခရိုင် တပ်မဟာ(၅)က ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီအုပ်စု အမြန်ဆုံးကျဆုံးရေးအတွက် ပြည်တွင်း၊ ပြည်ပနယ်စပ်ဒေသနှင့် တတိယနိုင်ငံတွင်ရှိသော ကရင်ပြည်သူလူထု အနေဖြင့် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တွန်းလှန်တိုက်ထုတ်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။