Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စစ်ကိုင်းတိုင်းပြည်သူများ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ “Our Ambassador Our Voice” စာသားကိုင်စွဲကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ချောင်းဦးသပိတ်၊ လက်ပံတောင်းသပိတ်၊ ဆားလင်းကြီးသပိတ်

သုည/People’s Spring

နယ်မြေဒေသမတည်ငြိမ်မှုများကြားမှ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ပြည်သူများက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ယနေ့ (စက်တင်ဘာ ၁၃) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ “Our Ambassador Our Voice” စာသားကိုင်စွဲကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ်တွင်လည်း အားမာန်သစ်လူထုသပိတ်စစ်ကြောင်းက ဦးဆောင်၍ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသံအမတ်အဖြစ် ဆက်လက်ထားရှိရေး နိုင်ငံတကာသို့ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အလားတူ လက်ပံတောင်းဒေသတွင်လည်း ၅/ လက်ပံတောင်းသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

Public Service Announcement
Public Service Announcement

လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာတစ်ရွာတွင်လည်း (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာပြည်သူများ၏ သံအမတ်ကြီးတစ်ဦးဖြစ်သည့် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ပေးရေး ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် ဆားလင်းကြီးမြို့နယ်တွင်လည်း သပိတ်အင်အားစုများနှင့် တော်လှန်ပြည်သူများက သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိပေးရန် လူထုထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။

ယင်းသပိတ်တွင် ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပ.အ.ဖ)၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေး(ပ.လ.ဖ)၊ လက်ပံတောင်းတောင်ပင်မသပိတ်၊ တိုက်နယ်/ရပ်ကျေး (ပ.အ.ဖ)၊ (ပ.က.ဖ)၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပြည်သူလူထုအများအပြား ချီတက်ခဲ့ကြသည်။

ချောင်းဦးမြို့နယ်တွင်လည်း လူငယ်အင်အားစု သပိတ်ကော်မတီက ဦးဆောင်၍ ပြည်သူလူထုနှင့်အတူ “ကျွန်တော်တို့၏ သံအမတ်ကြီးသည် ကျွန်တော်တို့၏ အသံဖြစ်သည်” ဟူသောကြွေးကြော်များဖြင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပါကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။