Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ရှိ စစ်အုပ်စု လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ မတ်လအတွင်းက မုံရွာမြို့ပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းဖမ်း​ဆီးခဲ့သည့် စစ်ကောင်စီတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ရပ်ကွက်ရုံး၌ တပ်စွဲထားသော စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးကြောင်း Golden Eagle Force-Monywa၏ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၂၅ ရက်) ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က မုံရွာမြို့၊ အလယ်ရပ်ကွက်ရုံးတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီးများကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa၏ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

တိုက်ခိုက်မှုကြောင့် ရဲတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရသွားသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေရဲ့ရုံးက မြို့အလယ်ခေါင် အထက (၁) စာသင်ကျောင်းနားမှာရှိတာပါ။ အလယ်ရပ် ရက်ကွက်ရုံးမှာတပ်စွဲထားတာပါ။ အပြင် ဘန်ကာဘက်မှာ ထိုင်နေကြတာ။ တစ်ယောက် ကျပြီး တစ်ယောက်က ခြေထောက်​ပြတ်

သွားတယ်လို့ကြားတယ်။ ကျန်တစ်ယောက်ကတော့ ခြေထောက်နဲ့လက် နည်းနည်းပဲ ထိတယ်တဲ့။”ဟု ဗိုလ်လင်းယုန်က ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဗုံးပေါက်ပြီး အလယ်ရပ်ကွက်ကို အိမ်စီးကားတွေနဲ့ သွားတာတွေ့လိုက်တယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

စစ်အုပ်စုက မြို့ပေါ်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း၊ ထိုစစ်ဆင်ရေးကို Golden Eagle Force-Monywa နှင့် ၅/ဘခက်(မုံရွာ UG ပျောက်ကြားတပ်ဖွဲ့)၊ Ka Naung Min Thar Gyi(Monywa)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် မုံရွာမြို့ပေါ်ရှိ စစ်အုပ်စုကို အခွင့်အရေးရသည်နှင့် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်အုပ်စုနှင့် ဝေးရာတွင် သွားလာနေထိုင်ကြရန် Golden Eagle Force-Monywa၏ခေါင်းဆောင်က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook