Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနှင့် ရေဦးတွင် စစ်တပ်စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ရွာထက်မနည်းမှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရ

စစ်ဘေးရှောင်ပြည်သူများ‌အနေဖြင့် ဘေးလွတ်ရာနေရာများတွင်သာ ဆက်လက်ရှောင်တိမ်းပေးကြပါရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ယမန်နေ့ညက ထွက်ပြေးတိမ်းရှောင်လာရသော ဒီပဲယင်းနယ်အရှေ့ခြမ်းကျေးရွာများမှ‌ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

▪️ပုလဲမြို့နယ်တွင်လည်း စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

အောင်ဇေယျ၊အမရာ/People’s Spring

စစ်ကိုင်းတိုင်း၊ဒီပဲယင်းနှင့် ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၂၅ ရက်) နံနက်ပိုင်းက ရေဦးတိုင်းရင်းဆေးရုံမှ အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီတပ်သည် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ်ရှိ ကျေးရွာများမှတဆင့် ညနေပိုင်းတွင် ဒီပဲယင်းနယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းနှင့် ရေဦးနယ်တောင်ခြမ်း ကျေးရွာ ၁၀ရွာထက်မနည်းရှိ ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီးတွေနဲ့ တအားပစ်တော့ပြေးရတာ။ ရွာထဲဘယ်သူမှမကျန်ဘူး။ သူတို့ကအခုရွာနဲ့ကပ်လျက် မူးခံတွင်းမှာတပ်စွဲထားတော့ ဘယ်သူမှပြန်မဝင်နိုင်သေးလို့ ပျက်စီးမှုတွေမသိရသေးဘူး။”ဟု လက်ယက်ကုန်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မူးခံတွင်းရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်နေကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများ‌အနေဖြင့် ဘေးလွတ်ရာနေရာများတွင်သာ ဆက်လက်ရှောင်တိမ်းပေးကြပါရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် နီးစပ်ရာကျေးရွာများအနေဖြင့် အရေးပေါ်စစ်ဘေးရှောင်များအား ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါရန်နှင့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ ကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်နေကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်လည်း ကျေးရွာအချို့၌ စစ်ကောင်စီစစ်ကြောင်းထိုးတပ်စွဲထား၍ တိမ်းရှောင်နေရာသော ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာ အကူအညီများစွာလိုအပ်နေကြောင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလဆန်းမှစကာ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ၊ အင်မထီးပျူရွာတို့ကို ဝင်ရောက်လာသဖြင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု သိရသည်။

” စစ်ရှောင်ကာလကြာ‌နေလို့ ဒေသခံတွေရဲ့ စားဝတ်နေရေး အခက်ကြုံနေရပါတယ်။ ဒီအတွက် လူထုအားကို လိုအပ်နေပါတယ်ခမျ”ဟု ပုလဲ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ‌တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၃ နောက်ဆုံးစာရင်းအရ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၉ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။