Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့နယ် NLDပါတီ အမတ်​၏အစ်ကိုဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဇော်တင့်၏ အစ်ကို ဦးတင်သန်းဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ခြင်းဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။

(ဦးတင်သန်းဦးအား တွေ့ရစဉ်)
(ဦးတင်သန်းဦးအား တွေ့ရစဉ်)

မြိတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီလွှတ်‌တော်ကိုယ်စားလှယ်တစ်ဦး၏ အစ်ကိုအား စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီးနောက် မိသားစုထံအကြောင်းမကြားဘဲ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဇော်တင့်၏ အစ်ကို ဦးတင်သန်းဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ခြင်းဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။

“ ကိုတင်သန်းဦးကို ဇွန် ၆ရက်က ဖမ်းသွားတာ။။ နှိပ်စက်လို့ စစ်ကြောရေးမှာ သေတယ်ဆိုတာ ၁၀ရက်ကြာမှ သိရတာပါ” ဟု အဆိုပါ မြို့ခံကပြောသည်။

ဦးတင်သန်းဦးသည် အသက် (၅၂)နှစ်အရွယ်ရှိပြီး စစ်ကောင်စီက မတရားဖမ်းဆီးသတ်ဖြတ်ခြင်းဟု မြိတ်မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဦးတင်သန်းဦးနှင့်မိသားစုဝင်နှစ်ဦးကို ၎င်းတို့နေထိုင်သည့် မြိတ်မြို့၊ နောက်လယ် ရပ်ကွက်နေအိမ်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက ဇွန်လ ၆ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

နောက်တနေ့တွင် မိသားစုဝင်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဦးတင်သန်းဦးကို ဆက်လက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးတင်သန်းဦးသေဆုံးသွားကြောင်းနှင့် မီးရှို့သင်္ဂြိုလ်လိုက်ကြောင်းကို ဇွန်လ ၁၆ရက်တွင်မှ မိသားစုဝင်များက သိရှိခြင်းဟု People’s Spring ၏ သတင်းရင်းမြစ်အချို့က ပြောသည်။

People’s Spring က ဖတ်ခွင့်ရသော ရဲကြေးနန်းတွင် ဦးတင်သန်းဦးအား မြိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မောင်ကိုကိုက တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဇော်တင့်သည် စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဝရမ်းထုတ်ထားသည်။

နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နှစ်နှစ် ကျော်ကြာကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၃,၈၁၈ ဦးရှိပြီး ယင်းတို့အထဲတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့်ပါတီဝင် ၉၃ ဦး ပါဝင်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDက ဇွန်လ ၁၃ရက်တွင် ထုတ်ပြန်ထား သည်။ စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာအနေဖြင့် ထိထိ‌ရောက်ရောက်ဆောင်ရွက်ပေးစေလိုကြောင်းလည်း NLD ပါတီက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုတွေစုစည်းကြဖို့​မျှော်လင့်​ကြောင်း AA တပ်မှူးချုပ်​ပြော

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတာကို စစ်အုပ်စုခိုင်လုံတဲ့ သက်သေပြသခြင်းမရှိဘဲ ဓာတ်ပုံတပုံနဲ့ အချက်အလက်အချို့ကိုသာ နိုင်ငံရေးလှည့်ကွက်တခုအဖြစ် ထုတ်သုံးလာခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

Facebook