Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့နယ် NLDပါတီ အမတ်​၏အစ်ကိုဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဇော်တင့်၏ အစ်ကို ဦးတင်သန်းဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ခြင်းဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။

(ဦးတင်သန်းဦးအား တွေ့ရစဉ်)
(ဦးတင်သန်းဦးအား တွေ့ရစဉ်)

မြိတ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီလွှတ်‌တော်ကိုယ်စားလှယ်တစ်ဦး၏ အစ်ကိုအား စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ပြီးနောက် မိသားစုထံအကြောင်းမကြားဘဲ ရုပ်အလောင်းအား မီးရှို့သင်္ဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဇော်တင့်၏ အစ်ကို ဦးတင်သန်းဦးကို စစ်ကောင်စီက သတ်ဖြတ်လိုက်ခြင်းဟု မြိတ်မြို့ခံတစ်ဦးက ပြောသည်။

“ကိုတင်သန်းဦးကို ဇွန် ၆ရက်က ဖမ်းသွားတာ။။ နှိပ်စက်လို့ စစ်ကြောရေးမှာ သေတယ်ဆိုတာ ၁၀ရက်ကြာမှ သိရတာပါ”ဟု အဆိုပါ မြို့ခံကပြောသည်။

ဦးတင်သန်းဦးသည် အသက် (၅၂)နှစ်အရွယ်ရှိပြီး စစ်ကောင်စီက မတရားဖမ်းဆီးသတ်ဖြတ်ခြင်းဟု မြိတ်မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဦးတင်သန်းဦးနှင့်မိသားစုဝင်နှစ်ဦးကို ၎င်းတို့နေထိုင်သည့် မြိတ်မြို့၊ နောက်လယ် ရပ်ကွက်နေအိမ်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက ဇွန်လ ၆ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

နောက်တနေ့တွင် မိသားစုဝင်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဦးတင်သန်းဦးကို ဆက်လက်ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးတင်သန်းဦးသေဆုံးသွားကြောင်းနှင့် မီးရှို့သင်္ဂြိုလ်လိုက်ကြောင်းကို ဇွန်လ ၁၆ရက်တွင်မှ မိသားစုဝင်များက သိရှိခြင်းဟု People’s Spring ၏ သတင်းရင်းမြစ်အချို့က ပြောသည်။

People’s Spring က ဖတ်ခွင့်ရသော ရဲကြေးနန်းတွင် ဦးတင်သန်းဦးအား မြိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မောင်ကိုကိုက တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားထားသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဇော်တင့်သည် စစ်အာဏာရှင်တော်လှန်ရေးလုပ်ဆောင်နေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဝရမ်းထုတ်ထားသည်။

နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နှစ်နှစ် ကျော်ကြာကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူ ၃,၈၁၈ ဦးရှိပြီး ယင်းတို့အထဲတွင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့်ပါတီဝင် ၉၃ ဦး ပါဝင်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLDက ဇွန်လ ၁၃ရက်တွင် ထုတ်ပြန်ထား သည်။ စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရေး နိုင်ငံတကာအနေဖြင့် ထိထိ‌ရောက်ရောက်ဆောင်ရွက်ပေးစေလိုကြောင်းလည်း NLD ပါတီက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဇာနည်အောင်ဟာထောင်ဒဏ်စေ့သွားလို့ထောင်ကနေပြန်လွှတ်လာပေမယ့်ခြေချုပ်၊ခံဝန်ဥပဒေနဲ့ထပ်မံတရား စွဲဆိုခံထားရတယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။