Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး ကျပ်ငါးသောင်းခန့် ခုန်တက်

လက်ရှိစက်တင်ဘာလဆန်းပိုင်းစတင်ပြီး တရိပ်ရိပ်ကျလာတဲ့ ရွှေဈေးဟာ ဒီနေ့မနက်ပိုင်း ရွှေဈေးအဖွင့်မှာတင် ကျပ်ငါးသောင်းခုန်တက်သွားတာပါ။

ရွှေဈေး ကျပ်ငါးသောင်းခန့် ခုန်တက်
ရွှေဈေး ကျပ်ငါးသောင်းခန့် ခုန်တက်

ငွေစက္ကူ ၅၀ တန်နဲ့ ၁၀၀တန်တွေ ဖျက်သိမ်းမယ်ဆိုတဲ့သတင်းတုထွက်လာတဲ့ ဒီနေ့မှာပဲ ပြည်တွင်းရွှေဈေးဟာ ကျပ်ငါးသောင်းဝန်းကျင်ခုန်တက်သွားတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံကသိရပါတယ်။

လက်ရှိစက်တင်ဘာလဆန်းပိုင်းစတင်ပြီး တရိပ်ရိပ်ကျလာတဲ့ ရွှေဈေးဟာ ဒီနေ့မနက်ပိုင်း ရွှေဈေးအဖွင့်မှာတင် ကျပ်ငါးသောင်းခုန်တက်သွားတာပါ။

” ဒီနေ့မှခုန်တက်သွားတာ၊ ပိုက်ဆံဖျက်သိမ်းမယ်သတင်းကြောင့်လည်းပါတာပေါ့”လို့ မန္တလေးမြို့ခံ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်း ရွှေဈေးနှုန်းဟာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၄ သိန်း ရှိပါတယ်။ မနေ့ ဈေးကွက်ပိတ်ချိန်မှာ ရွှေဈေးဟာ ၃၃သိန်းခွဲသာရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

ကျပ် ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်တွေ ဖျက်သိမ်းမယ်ဆိုတဲ့ ကြေညာချက်အတု ၂ စောင်ဟာ ဒီနေ့မနက် လူမှုကွန်ရက်တွေမှာ ပေါ်ထွက်ခဲ့ပါတယ်။

အဲဒီကြေညာချက်တွေဟာ အတုဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ထွက်ရှင်းထားပါတယ်။

သတင်းတုနဲ့ စီးပွားရေး၊နိုင်ငံရေး ထိုးနှက်မှုကိုအချိန်ကိုက်လုပ်ဆောင်တာလို့လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီးယား နိုင်ငံမှာ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။