Connect with us

Hi, what are you looking for?

သတင်း

ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် မန္တလေးရွှေဈေးကွက်ပိတ်ထား

ဒီနေ့ ဈေးကွက်ပြန်ဖွင့်ချိန်မှာတော့ ဝယ်လိုအား များနေတယ်လို့ မန်းမြို့ဈေးရှိ ရွှေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

(ပုံဟောင်း)
(ပုံဟောင်း)

စစ်ကောင်စီထုတ်မယ့် ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ဒီနေ့ မှာ မန္တလေးမြို့ ရဲ့ရွှေဈေးကွက်ကို ပိတ်ထားရတယ်လို့ ရွှေလုပ်ငန်းရှင်အချို့ထံကသိရပါတယ်။

ငွေစက္ကူဂယက်ကြောင့် ရွှေဈေးကစားတာမျိုးမဖြစ်စေဖို့ ဈေးကွက်ယာယီပိတ်ထားမယ်လို့ မန္တလေးရွှေအသင်းကလည်းဒီနေ့မှာ ကြေညာပါတယ်။

ဒီမနက် ဈေးကွက်ဖွင့်ချိန်မှာ ရွှေပေါက်ဈေး သတ်မှတ်နိုင်တာမျိုးမရှိသလို ရွှေဆိုင်အများစုလည်းအရောင်းပိတ်လိုက်တာပါ။

ရွှေသွားရောက်ဝယ်သူတစ်ဦးရဲ့ပြောပြချက်အရ ရွှေဆိုင်တွေဟာ ရွှေအရောင်းပိတ်ပြီး အဝယ်သာလက်ခံတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“၃၂သိန်းဝန်းကျင်နဲ့ ပြန်ဝယ်ပေးတယ် ၊ ရောင်းမပေးဘူး” လို့ ရွှေသွားရောက်ဝယ်သူခဲ့သူက ဆိုပါတယ်။

ကျပ်နှစ်သောင်းတန် ထုတ်မယ်လို့ စစ်ကောင်စီက ကြေညာတဲ့ မနေ့ ဇူလိုင်လ ၂၃ ရက်ဟာ တနင်္ဂနွေနေ့ဖြစ်ပြီး ဈေးကွက်ပိတ်တဲ့နေ့ဖြစ်ပေမယ့် အဲဒီနေ့ကတည်းက ရွှေဆိုင်အချို့အရောင်းပိတ်ထားတာပါ။

ဒီနေ့ ဈေးကွက်ပြန်ဖွင့်ချိန်မှာတော့ ဝယ်လိုအား များနေတယ်လို့ မန်းမြို့ဈေးရှိ ရွှေအရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းရွှေအသင်းကတော့ ရွှေဈေးတည်ငြိမ်ဖို့ ရွှေဆိုင်တွေ ကို မေတ္တာရပ်ခံစာထုတ်ထားတာတွေ့ရပါတယ်။

ဒီနေ့ နေ့လယ် အထိ အခေါက်ရွှေ တစ်ကျပ်သားကို ပြင်ပဈေးကွက်မှာ ကျပ် ၃၅ သိန်းဝန်းကျင်ထိ ဈေးတက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။