Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားတစ်ဦး ကျည်၊ခဲယမ်းများယူလာပြီး အလင်းဝင်လာဟု CNDF ပြော

စစ်ကိုင်း – ချင်းအစပ် ကလေး- ဖလမ်း လမ်းပိုင်းရှိ စစ်ကောင်စီ၏ ထင်းရှုးတပ်စခန်းမှ တပ်သား တစ်ဦးသည် စက်တင်ဘာ ၂၈ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(အလင်းဝင်လာသည့် တပ်သားနှင့် ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဆူရ်းဘုန်းတိုင်းမ်)
(အလင်းဝင်လာသည့် တပ်သားနှင့် ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဆူရ်းဘုန်းတိုင်းမ်)

စစ်ကောင်စီတပ်သားတစ်ဦး ခဲယမ်းနှင့် ကျည် များယူလာပြီး အလင်းဝင်လာကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ပြောသည်။

စစ်ကိုင်း – ချင်းအစပ် ကလေး- ဖလမ်း လမ်းပိုင်းရှိ စစ်ကောင်စီ၏ ထင်းရှုးတပ်စခန်းမှ တပ်သား တစ်ဦးသည် စက်တင်ဘာ ၂၈ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

(အလင်းဝင်လာသည့် တပ်သားနှင့် ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဆူရ်းဘုန်းတိုင်းမ်)
(အလင်းဝင်လာသည့် တပ်သားနှင့် ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – ဆူရ်းဘုန်းတိုင်းမ်)

“ကြာဿပတေးနေ့က ထင်းရှုးစခန်းကနေပြီးတော့ ပြေးလာတာဗျ။ လက်နက်တော့ မပါဘူး။ ဗုံး နှစ်လုံးရယ်၊(၄၀)မမ ကျည် နှစ်တောင့်ရယ်။နောက်ပြီးတော့ ကျည် ၃၄၅တောင့်ပါတယ်”ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။

ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်နှင့်အတူ ခိုလှုံလာသည့် တပ်သား ၈ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“သတင်းစကားပါးချင်တာက ရှေ့ဆက်ပြီးတော့ မင်းအောင်လှိုင် စစ်အစိုးရဟာ အာဏာရှင်စနစ်ဟာ ပြုတ်ကျတော့မှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေ အနေနဲ့ ပြည်သူလူထုဘက် အမြန်ဆုံး ပါဝင်ပြီး အလင်းဝင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။

CNDF သည် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း အခြေစိုက်ပြီး ဖလမ်းမြို့နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook