Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲအတွက် စမ်းသပ်သန်းခေါင်စာရင်းစစ်ကောင်စီ ကောက်ယူနေ

အခုနှစ်ဆန်းပိုင်းအတွင်းကလည်းရန်ကုန်အပါအဝင် ဒေသအချို့မှာ စစ်ကောင်စီဟာ မြေပြင်လူဦးရေစာရင်းကောက်ယူတာတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

ရွေးကောက်ပွဲအတွက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူတာတွေကို စစ်ကောင်စီက အခုလ အောက်တိုဘာလဆန်းကနေစတင်နေပါတယ်။

အောက်တိုဘာလ ၁ ရက်က ၁၅ ရက်အထိ စမ်းသပ်သန်းခေါင်စာရင်းကို မြို့နယ် ၂၀ မှာ ကောက်ယူသွားမှာမယ်လို့စစ်ကောင်စီလဝက ကြေညာပါတယ်။

ဒါပေမယ့် ဘယ်မြို့နယ်တွေလည်းဆိုတာကိုတော့ အသေးစိတ်မပြောထားပါဘူး။

စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေတဲ့ သတင်းတွေကို စစ်ကောင်စီရဲ့ဖော်ပြချက်အရ ပုသိမ်၊ မော်လမြိုင် ၊ ပဲခူး ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော ၊ ချင်းပြည်နယ်မြို့တော် ဟားခါး နဲ့ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့နယ်တွေပါတာသိရပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ သန်းခေါင်စာရင်းကောက်ယူသူတွေကို စစ်တပ်နဲ့ ရဲက လက်နက်ကိုင်လုံခြုံရေး ယူပေးတာလည်းတွေ့ရပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့ပေါ်မှာ မနေ့က သန်းခေါင်စာရင်းကောက်တာကို မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးပါ လိုက်လံကြည့်ရှုတာတွေ့ရပါတယ်။

အခုလို စမ်းသပ်သန်းခေါင်စာရင်းကောက်တာဟာ ရွေးကောက်ပွဲမဲစာရင်းအတွက် ဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့သောကြာနေ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စမ်းသပ်သန်းခေါင်စာရင်းကောက်တဲ့အတွေ့အကြုံကိုယူပြီး လာမယ့် ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မှာ ဖြစ်ပြီး အဲဒီသန်းခေါင်စာရင်းကနေ မဲစာရင်း အတွက် လူဦးရေစာရင်းရလာမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ဆိုပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

အခုနှစ်ဆန်းပိုင်းအတွင်းကလည်းရန်ကုန်အပါအဝင် ဒေသအချို့မှာ စစ်ကောင်စီဟာ မြေပြင်လူဦးရေစာရင်းကောက်ယူတာတွေကို ပြုလုပ်ခဲ့ဖူးပါတယ်။

အဲဒီလို ကောက်ယူချိန်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာအတုအယောင်သာဖြစ်ပြီး တရားမဝင်လို့ လူထုအနေနဲ့ မပူးပေါင်းကြဖို့ ၊ စာရင်းကောက်ယူရာမှာ ပါဝင်သူတွေကို လည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အရေးယူမယ်လို့NUG ဘက်က ထုတ်ပြန်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။