Connect with us

Hi, what are you looking for?

သတင်း

ဆားတောင်ရဲစခန်းကို သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရ

တိုက်ခိုက်နေစဥ် ဂျက်ဖိုက်တာ တစ်စီးက ဆားတောင်မြို့သို့ လေးကြိမ်ပျံသန်းခဲ့ကြောင်း၊ စခန်းတွင်းရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

(ဆားတောင်ရဲစခန်းအား မောင်းသူမဲ့လေယာဥ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)
(ဆားတောင်ရဲစခန်းအား မောင်းသူမဲ့လေယာဥ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ ဆားတောင်ရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ စခန်းတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၃ ရက်) နံနက် ၉နာရီခန့်က ဆားတောင်ရဲစခန်းကို မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် (၆၀) မမ ဗုံးသီးခုနစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

“ အထိအခိုက်ကျဆုံးသတင်းကို နယ်မြေအခြေနေရ မသိရှိရသေးဘူး။ ပွဲပြီးတော့ ဆားတောင်စခန်းအနီးတစ်ဝိုက် တိတ်ဆိတ်နေတယ်လို့ သိရတယ်။” ဟု ၎င်းကဆက် ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်နေစဥ် ဂျက်ဖိုက်တာ တစ်စီးက ဆားတောင်မြို့သို့ လေးကြိမ်ပျံသန်းခဲ့ကြောင်း၊ စခန်းတွင်းရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲကို နယ်မြေခံတော်လှန်ရေးရဲဘော်များက ကူညီပေးပြီး ကြောင်လက်သည်း Local PDF၊ Dynamite -2 Local PDFနယ်စည်းမခြားဗိုလ်ပျံလွှား Local PDF၊ နယ်စည်းမခြား ကိုးတောင်ကျား Local PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁ရက်ကလည်း ဆားတောင်ရဲစခန်းအား မောင်းသူမဲ့လေယာဥ်ဖြင့် ပထမအကြိမ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး ၎င်းတို့ကပြန်ပစ်၍ (၉၃) နှစ်အရွယ် အဘွားအို ဒေါ်အုန်းခင်နှင့် (၄၉)နှစ်အရွယ် ဒေါ်ရွှေတို့ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး (၄၆)နှစ်အရွယ် ဒေါ်မိုးတင်မှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပဲခူးတိုင်းမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက PDF ​​​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေရဲ့ ထိုးစစ်အရှိန် မြှင့်လာခဲ့တာမှာ ဇန်နဝါရီ ၂၈ ရက်​နေ့ကလည်း ပဲခူးတိုင်းအ​ရှေ့ရှမ်းမှာ စစ်တပ်စစ်​ကြောင်း ပျက်​အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်က အမှတ်(၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)ကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ပြောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၂)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ဆားလင်းကြီးမြို့နယ်မှာ ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်နဲ့ အာဏာရှင်တော်လှန်ရေး PDF အဖွဲ့တို့က စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook