Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားတောင်ရဲစခန်းအား ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်၊ စစ်ကောင်စီတပ် ပြန်ပစ်၍ ပြည်သူ သုံးဦး ဒဏ်ရာရ

စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ဆားတောင်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)
(ဆားတောင်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်၍ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဆားတောင်ရဲစခန်းအား ဒရုန်းဖြင့် (၆၀) မမ ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ခံက ပြောသည်။

“တမြန်နေ့ညက အင်အား၃၀ဖြည့်ထားတာရယ်။ မနက်ပိုင်းမှာ ထိတွေ့မရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတာကြောင့် ညနေပိုင်းမှာ သွားတိုက်တာ။စခန်းပေါ်အတိအကျ ရတယ်(ကျတယ်)။”ဟု အထက်ပါတာဝန်ခံကဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကလည်း (၆၀) မမ လက်နက်ကြီး လေးလုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုကြောင်လက်သည်း Local PDFအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်မှာ လူနေရပ်ကွက်အတွင်းကျရောက်ပြီး အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆားတောင်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက ပြည်သူ့ကာကွယ်ရေးစခန်းအချို့ စီးနင်းခံခဲ့ရပြီး ကျေးရွာ ၆ရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။