Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့ရှိ မေတ္တာအေးပုဂ္ဂလိကဆေးခန်းပိတ်သိမ်းခံရ

အဆိုပါဆေးခန်းသည် ဆေးရုံအဆင့်ရှိပြီး ဝန်ဆောင်ခသင့်တင့်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် နယ်များကပါ လာရောက်ဆေးကုသသူများရှိကြောင်း မြို့ခံအချို့က ပြောသည်။

(ပိတ်သိမ်းခံရသည့် မေတ္တာအေး အထွေထွေရောဂါရှာဖွေရေးနှင့် ပုဂ္ဂလိကဆေးခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ပိတ်သိမ်းခံရသည့် မေတ္တာအေး အထွေထွေရောဂါရှာဖွေရေးနှင့် ပုဂ္ဂလိကဆေးခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ မေတ္တာအေးပုဂ္ဂလိကဆေးခန်းကို စစ်ကောင်စီက ပိတ်သိမ်းရန် အမိန့်ထုတ်ထားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

မိတ္ထီလာမြို့ရှိ မေတ္တာအေး အထွေထွေရောဂါရှာဖွေရေးနှင့် ပုဂ္ဂလိကဆေးခန်းအား တိုင်ကြားခံရသည်ဆိုကာ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ပိတ်သိမ်းရန် စစ်ကောင်စီက မတရားထုတ်ပြန်ခြင်းဖြစ်ကြောင်း မိတ္ထီလာမြို့ခံများက ပြောသည်။

“ ဘယ်နေ့ဘယ်ရက်အထိ ပိတ်ရမယ်ဆိုတာတော့ စာမှာမပါဘူးလို့ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် မည်သည့်ကိစ္စကြောင့် ပိတ်သိမ်းခံရသည်ကိုမူစုံစမ်း၍ မရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါဆေးခန်းသည် ဆေးရုံအဆင့်ရှိပြီး ဝန်ဆောင်ခသင့်တင့်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ကြောင့် နယ်များကပါ လာရောက်ဆေးကုသသူများရှိကြောင်း မြို့ခံအချို့က ပြောသည်။

မန္တလေးမြို့တွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံ ခြောက်ခုကို ပိတ်သိမ်းစေခဲ့ကာ နန်းတော်၊ မြို့တော်နှင့် ကံ့ကော်ဆေးရုံတို့၏ ဆေးရုံလုပ်​ငန်းလိုင်​စင်​များကို အပြီးပယ်​ဖျက်ခဲ့သည်။ အဆိုပါဆေးရုံများရှိ ပိုင်ရှင်အချို့နှင့် ဆရာဝန်၊သူနာပြုအပါအဝင် ဝန်ထမ်းအချို့လည်း ဖမ်းဆီးခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းမှုအပေါ် ဆေးဝန်ထမ်းများ၏ တက်ကြွစွာပါဝင်မှုနှင့် CDM ဝန်ထမ်းများအား ခန့်ထားပေးမှုတို့ကြောင့် ပုဂ္ဂလိကဆေးရုံဆေးခန်းများအား စစ်ကောင်စီက အ​ငြိုးထားပိတ်သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း ဆေးလောကအသိုင်းအဝိုင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှောင်လမ်းမှာ ညဘက်ဖြတ်သန်းသွားတဲ့ ယာဥ်တွေ အနုကြမ်းစီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ လျှပ်စစ်‌ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ခဲ့ပြီး နေအိမ် ခြောက်လုံး မီးလောင်ဆုံးရှူံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးရာမှာသုံးဖို့ ပြည်သူတွေရဲ့ကားတွေကို ချောဆွဲနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ရထားလမ်းသံလမ်းဘေးက နေအိမ်တွေ ဖယ်ရှားပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။