Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အပေါ် အရေးယူမှု ပျက်ကွက်နေသည့် ကာလပတ်လုံး ပြည်သူများ၏ ဆင်းရဲဒုက္ခသည်လည်း ပိုမို ဆိုးရွားလာနေမည်ဟု နိုင်ငံတကာကို မြန်မာသံအမတ်ကြီးပြော

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

( (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ဦး​ကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)
( (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ဦး​ကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)

နိုင်ငံတကာက စစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် ပျက်ကွက်နေသည့် ကာလပတ်လုံး ပြည်သူများ၏ ဆင်းရဲဒုက္ခသည်လည်း ပိုမို ဆိုးရွားလာနေမည်ဖြစ်ပြီး ပြည်သူ အများအပြား ပိုမို သတ်ဖြတ်ခံနေရမည်သာဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ ပြောသည်။

ကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များကို ယခုပင် ချမှတ်ရန်လိုအပ်ပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်ကြောင်း မြန်မာသံအမတ်ကြီးက ယမန်နေ့(အောက်တိုဘာ ၂၃ ရက်)တွင် ကျင်းပသော (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ပြောသည်။

( (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ဦး​ကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)
( (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ဦး​ကျော်မိုးထွန်း​ဆွေး​နွေး​ပြောကြားစဥ်။ဓါတ်ပုံ-PMOMTTUN)

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

ထို့ကြောင့် မြန်မာနိုင်ငံအရေးကိစ္စအား ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းက အားလုံးအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ပြီး ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံများ အားလုံးအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ရှေးရှုလျက် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဟန်ချက်ညီစွာ ထိတွေ့ဆက်ဆံရန်နှင့် ဆောင်ရွက်ချက်များချမှတ်ရန် သံအမတ်ကြီးက တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ ပကတိအကျပ်အတည်းများကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းနှစ်သွယ်မှာ (၁) စစ်တပ်မှ ကြိုးပမ်းနေသည့် တရားမဝင် စစ်အာဏာသိမ်းမှုအား အပြီးတိုင် ချုပ်ငြိမ်းစေခြင်း၊ (၂) ထိရောက်သော၊ အားလုံးပါဝင်သောနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော တရားဥပဒေစိုးမိုးသည့် အဖွဲ့အစည်းများဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

အဆိုပါနည်းလမ်းနှစ်သွယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စုစုစည်းစည်း ကြိုးပမ်းနေသည့် ပန်းတိုင်များဖြစ်ပြီး ယင်း ယင်းပန်းတိုင်များ ပြည့်မှီစေရန် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်တွင် အသေးစိတ် ပြဋ္ဌာန်းချမှတ်ထားကြောင်းနှင့် ၎င်းတို့အနေဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီ မြန်မာနိုင်ငံတော်အား တည်ဆောက်နိုင်ရန် နိုင်ငံများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ကြောင်း သံအမတ်ကြီး နိုင်ငံတကာသို့ သတင်းစကားပါးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook