Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး ရက်(၁၀၀၀)ပြည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူများ အချင်းချင်းမျှဝေကူညီကြရန် သပိတ်အင်အားစုများ တိုက်တွန်း

ပြ​ည်သူများ၏ ဝေဖန်ဆုံးမမှုများကို နားလည်လက်ခံပြီး အမှားများကို ရှောင်ရှားသွားမည် ဖြစ်ကြောင်းလည်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

တော်လှန်ရေး ရက်(၁၀၀၀)ပြည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူများ အချင်းချင်းမျှဝေကူညီကြရန် သပိတ်အင်အားစုများ တိုက်တွန်း
တော်လှန်ရေး ရက်(၁၀၀၀)ပြည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူများ အချင်းချင်းမျှဝေကူညီကြရန် သပိတ်အင်အားစုများ တိုက်တွန်း

လာမည့် အောက်တိုဘာ ၂၉ရက် (သီတင်းကျွတ်လပြည်နေ့)တွင် ကျရောက်မည့် နွေဦးတော်လှန်ရေး ရက်(၁,၀၀၀)ပြည့်အဖြစ် ပြည်သူအချင်းချင်း မျှဝေကူညီကြရန် သပိတ်အင်အားစုများက တိုက်တွန်းနှိုးဆော်ခဲ့သည်။

အဆိုပါနေ့တွင် “တော်လှန် အလင်းဆောင် ရက်တစ်ထောင် ၊ မျှဝေကူညီ ပြည်သူ့အောင်ပွဲဆီ” ဆိုသည့် အမည်ကမ်ပိန်းပြုလုပ်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အချင်းချင်း စာနာစိတ်ဖြင့် ရိုင်းပင်း၍ မျှဝေကူညီကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) ကတိုက်တွန်းသည်။

လာမည့် အောက်တိုဘာ ၂၉ရက် (သီတင်းကျွတ်လပြည်နေ့)တွင် နွေဦးတော်လှန်ရေး ရက်ပေါင်း (၁,၀၀၀)တိတိ ပြည့်မည်ဖြစ်သည်။

ထိုသို့ ပြည်သူများ၏ ပါဝင်မှု၊ ပေးဆပ်မှု၊ ကူညီဝန်းရံမှုနှင့် စိတ်ခွန်အားများသာ မရှိပါက ယနေ့ အချိန်ထိ ကြံ့ကြံ့ခံ ရပ်တည်ရန် မလွယ်ကူနိုင်ကြောင်း၊ ပြည်သူများ၏ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်များနှင့် ဘဝပေါင်းများစွာကို စတေး၍ အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်နေကြသည့်အပေါ် လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း GSCB က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ရက်ပေါင်း (၁၀၀၀) ပြည့်သည်အထိ တော်လှန်ပြည်သူများ၏ ကြိုးစားပေးဆပ်မှုနှင့် ထွန်းညှိထားသည့် နွေဦးအလင်းရောင်မှာ ရှေ့ဆက်ရမည့်လမ်းကို ဦးဆောင်လမ်းပြလျက်ရှိကြောင်း၊ တော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးသမားတိုင်း၊ တော်လှန်ရေး အဖွဲ့အစည်းတိုင်းက ပြည်သူကို ဦးထိပ်ပန်ဆင်ပါကြောင်းလည်း မန္တလေးသပိတ်အင်အားစုက ဆိုသည်။

ထို့ကြောင့် သီတင်းကျွတ်လပြည့်နေ့တွင် ယခုကာလအတွင်း အဆင်မပြေကြသည့် ပြည်သူများကို အခြားပြည်ထောက်ပံ့ကူညီပေးခြင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားပေးခြင်း၊ ကူညီဖေးမခြင်းဖြင့် ခေတ်ဆိုးခေတ်ပျက်အတွင်း ပြည်သူလူထု၏ ကြံ့ကြံ့ခံရပ်တည်နိုင်ရေးကို မြင့်တင်ပေးကြရန်လည်း သပိတ်အင်အားစုများက တိုက်တွန်းခဲ့သည်။

ပြည်သူချင်း ကူညီရိုင်းပင်းမှု၊ ပြည်သူချင်း ဖေးမမှု၊ ပြည်သူချင်း ညီညွတ်မှုနှင့်အတူ နွေဦးအောင်ပွဲဆီသို့ ချီတက်ကြပါစို့ဟုလည်း သပိတ်အင်အားစုများက နှိုးဆော်ခဲ့သည်။

“သီတင်းကျွတ်လပြည့်နေ့မှာ စစ်ကောင်စီရဲ့ အတုအယောင် ပျော်ပွဲရွှင်ပွဲတွေကို သွားမယ့်အစား အဆင်မပြေတဲ့သူတွေကို အဆင်ပြေသူတွေက ကူညီလှူဒါန်းတာမျိုးတွေ လုပ်စေချင်ပါတယ်။ ဘုရားဆိုရင်လည်း နာမည်ကြီး ဘုရားတွေမှာ လူတွေကြပ်ညပ်နေအောင် သွားဖူးမယ့်အစား ကိုယ့်အိမ်အနီးအနား ဘုရားမှာပဲ ဆီမီးပူဇော်ပြီး တော်လှန်ရေးအမြန်အောင်မြင်ဖို့ ဆုတောင်းစေလိုပါတယ်။ တော်လှန်ရက် ၁၀၀၀ ပြည့်မယ့် လပြည့်နေ့မှာ ပြည်သူချင်းရိုင်းပင်းကူညီရင်း တော်လှန်ရေးအောင်မြင်ဖို့ အတူကြိုးစားကြရအောင်”ဟု သပိတ်ကော်မတီဝင် လူငယ်တစ်ဦးက ဆိုသည်။

သို့သော် တော်လှန်ရေးသမားများသည် ပုထုဇဉ်များ ဖြစ်သည်နှင့်အညီ ပြည်သူများအပေါ် အနိုင်ထက်စီးနင်း ပြုလုပ်ခြင်း၊ ပြည်သူများ ဝန်ပိငြိုငြင်စေမည့် ကိစ္စရပ်များကို လုပ်မိခြင်း စသည့် မှားယွင်းလုပ်ဆောင်မှုများ ရှိလာရင်လည်း ပြည်သူလူထုက ဝေဖန်ဆုံးမပေးကြရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံခဲ့သည်။

ပြ​ည်သူများ၏ ဝေဖန်ဆုံးမမှုများကို နားလည်လက်ခံပြီး အမှားများကို ရှောင်ရှားသွားမည် ဖြစ်ကြောင်းလည်း တော်လှန်ရေးအင်အားစုများက အသိပေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။