Connect with us

Hi, what are you looking for?

သတင်း

နမ်ဖက်ကာတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး၊ ၈ဦးဒဏ်ရာရ

ယနေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာလျက်ရှိပြီး စခန်းအချို့ကို မြောက်ပိုင်းလက်နက်ကိုင်များက သိမ်းပိုက်ထားသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်၍ ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ နံနက်တွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်များကို မြောက်ပိုင်းလက်နက်ကိုင်တပ်များက တိုက်ခိုက်ရာ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“နမ့်ဖက်ကာ စကစ ဗျူဟာကုန်းက လက်နက်ကြီး ရမ်းပစ်တာ။ပြည်သူ၈ ဦး ပြင်းထန်ဒဏ်ရာရတယ်။ နမ့်ဖက်ကာမြို့က အမျိုးသမီး တစ်ဦးနဲ့ ကလေးတစ်ဦး သေသွားတယ်။လူနေ ရပ်ကွက်ထဲကို ပစ်တာ”ဟု သတင်းရင်းမြစ်ကပြောသည်။

ယနေ့တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာလျက်ရှိပြီး စခန်းအချို့ကို မြောက်ပိုင်းလက်နက်ကိုင်များက သိမ်းပိုက်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook