Connect with us

Hi, what are you looking for?

သတင်း

(၁၀၂၇)စစ်ဆင်ရေးအား ထောက်ခံကြိုဆိုသည့်အနေဖြင့် တောင်သမန်စစ်ဆင်ရေးဖြင့် ပူး​ပေါင်းတိုက်ပွဲဝင်သွားမည်ဟု မန္တလေးPDF အသိပေး

မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနေရာအနှံ့၌ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီတပ်အား တပြိုင်နက်စတင်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားနေကာ လားရှိုး၊ နမ့်ခမ်းနှင့် ချင်းရွှေဟော်ရှိ စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)

ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့၏ (၁၀၂၇) စစ်ဆင်ရေးအား ထောက်ခံကြိုဆိုသည့်အနေဖြင့် တောင်သမန်စစ်ဆင်ရေးဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်ကြေညာသည်။

ယနေ့(အောက်တိုဘာ၂၇ရက်) နံနက်ပိုင်းက ညီနောင်မဟာမိတ်များဖြစ်ကြသော ကိုးကန့် (MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)နှင့် ရက္ခိုင်(ULA/AA)တို့ ပူးတွဲထုတ်ပြန်ခဲ့သော (၁၀၂၇)စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အနေဖြင့် လှိုက်လှိုက်လှဲလှဲထောက်ခံကြိုဆိုကြောင်း မန္တလေး PDFက အသိပေးသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ M-PDF)

နောင်တော် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်ထပ်တူ တသားတည်းတည်ရှိပြီး ညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေးအောင်မြင်အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည်လည်း “တောင်သမန်” စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ကြေညာသည်။

မဟာမိတ်သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနေရာအနှံ့၌ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီတပ်အား တပြိုင်နက်စတင်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများပြားနေကာ လားရှိုး၊ နမ့်ခမ်းနှင့် ချင်းရွှေဟော်ရှိ စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်ထားကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

Facebook