Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံ – တောင်သာလမ်းပိုင်းရှိ စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

တိုက်ခိုက်ခံရသော​တိုးဂိတ်သည် မြင်းခြံမြို့အထွက် နန်းမြင့်တောင်အနီး တိုးဂိတ်ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

(မြေလတ်PDFအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - File Photo)
(မြေလတ်PDFအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - File Photo)

စစ်ကူလာသည့်ယာဥ်များပါ တိုက်ခိုက်ခံရဟုဆို

မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းရှိ စစ်ကောင်စီ၏ တိုးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကူလာသည့်ယာဥ်များပါ ထပ်မံတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၇ ရက် ညနေ ၄နာရီခွဲခန့်က မြင်းခြံ – တောင်သာလမ်းပိုင်းရှိ တိုးဂိတ်အား မောင်းသူမဲ့လေယာဥ်ဖြင့်ဗုံးချပြီး၊ လက်နက်ကြီး၊ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တပ်ခွဲ -၁ မြေလတ် PDF အဖွဲ့က ပြောသည်။

အဆိုပါ တိုးဂိတ်အား နာရီဝက်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“စစ်ကြောင်း သုံးကြောင်းခွဲ အနီးကပ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ရန်သူ့လက်နက်များ ယူနိုင်ဖို့ ကြိုးစားပေမဲ့ စစ်ကူတွေက အနီးကပ် ပစ်ခတ်လာလို့ မယူနိုင်ခဲ့ဘူး။”ဟု မြေလတ်PDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တောင်သာမြို့ဘက်မှ ကားလေးစီးဖြင့် စစ်ကူလာသည့် စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်ရာ ယာဥ်သုံးစီး ထိမှန်ပြီး တိမ်းမှောက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် မြင်းခြံမြို့မှလည်း စစ်ကူအဖြစ် ယာဥ် ၉စီးထွက်လာ၍ ပြန်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်ခံရသော​တိုးဂိတ်သည် မြင်းခြံမြို့အထွက် နန်းမြင့်တောင်အနီး တိုးဂိတ်ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

အဆိုပါဂိတ်သည် ယမန်နှစ် စက်တင်ဘာအတွင်းကလည်း ဒေသတွင်းPDFများက လက်နက်ကြီးဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။ ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကာ သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၀ ရက်ကလည်း မြင်းခြံမြို့ပေါ်၌ ဒေသတွင်းPDFများက မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။