Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ – တောင်သာလမ်းပိုင်းရှိ စစ်ကောင်စီဂိတ်တိုက်ခိုက်ခံရ

တိုက်ခိုက်ခံရသော​တိုးဂိတ်သည် မြင်းခြံမြို့အထွက် နန်းမြင့်တောင်အနီး တိုးဂိတ်ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

(မြေလတ်PDFအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - File Photo)
(မြေလတ်PDFအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - File Photo)

စစ်ကူလာသည့်ယာဥ်များပါ တိုက်ခိုက်ခံရဟုဆို

မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းရှိ စစ်ကောင်စီ၏ တိုးဂိတ်တိုက်ခိုက်ခံရပြီး စစ်ကူလာသည့်ယာဥ်များပါ ထပ်မံတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၇ ရက် ညနေ ၄နာရီခွဲခန့်က မြင်းခြံ – တောင်သာလမ်းပိုင်းရှိ တိုးဂိတ်အား မောင်းသူမဲ့လေယာဥ်ဖြင့်ဗုံးချပြီး၊ လက်နက်ကြီး၊ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တပ်ခွဲ -၁ မြေလတ် PDF အဖွဲ့က ပြောသည်။

အဆိုပါ တိုးဂိတ်အား နာရီဝက်ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“စစ်ကြောင်း သုံးကြောင်းခွဲ အနီးကပ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ရန်သူ့လက်နက်များ ယူနိုင်ဖို့ ကြိုးစားပေမဲ့ စစ်ကူတွေက အနီးကပ် ပစ်ခတ်လာလို့ မယူနိုင်ခဲ့ဘူး။”ဟု မြေလတ်PDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တောင်သာမြို့ဘက်မှ ကားလေးစီးဖြင့် စစ်ကူလာသည့် စစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်ရာ ယာဥ်သုံးစီး ထိမှန်ပြီး တိမ်းမှောက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့အပြင် မြင်းခြံမြို့မှလည်း စစ်ကူအဖြစ် ယာဥ် ၉စီးထွက်လာ၍ ပြန်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်ခံရသော​တိုးဂိတ်သည် မြင်းခြံမြို့အထွက် နန်းမြင့်တောင်အနီး တိုးဂိတ်ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုသည်။

အဆိုပါဂိတ်သည် ယမန်နှစ် စက်တင်ဘာအတွင်းကလည်း ဒေသတွင်းPDFများက လက်နက်ကြီးဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။ ခရီးသွားပြည်သူများ၏ ကားနှင့်ဆိုင်ကယ်များအား စစ်ဆေးလေ့ရှိပြီး ငွေညှစ်ခြင်း၊ မသင်္ကာ သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၂၀ ရက်ကလည်း မြင်းခြံမြို့ပေါ်၌ ဒေသတွင်းPDFများက မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook