Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့အနီး နေရာနှစ်ခု၌ တိုက်ပွဲပြင်းထန်နေ

ထီးချိုင့်မြို့အနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ရက်က စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးပြီး ရဲနှစ်ဦးကို အရှင်အဖမ်းခံရသည်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် နေ့စဉ် တိုက်ပွဲဆက်နေသည်။

(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)
(KIAတပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-The New York Time)

ထီးချိုင့်မြို့အနီး နေရာနှစ်ခု၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နေ့လယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သတင်းရရှိသည်။

ထီးချိုင့်မြို့နှင့် နှစ်မိုင်ခန့်အကွာမှ ကုက္ကိုယ်ကုန်းနှင့် သခွပ်ချောင်ကျေးရွာသို့ ဝင်လာသော စစ်ကောင်စီစစ်ကြောင်းနှစ်ခုကို KIA၊PDFပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီနောက် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

” မြို့အထွက်အနားမှာ မဖွင့်ရ‌သေးတဲ့ အရိုးအကြောဆေးရုံရှိတယ်။ အဲ့ဒီနားမှာ ချနေတာ။ လေကြောင်းကနေ ချတာက မင်းဝံတောင်ရိုးမှာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထီးချိုင့်မြို့အနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ရက်က စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးပြီး ရဲနှစ်ဦးကို အရှင်အဖမ်းခံရသည်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် နေ့စဉ် တိုက်ပွဲဆက်နေသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့( အောက်တိုဘာ၂၈ရက်)က ထီးချိူင့်မြို့ ကြက်သွန်ခင်းကျေးရွာတံတား၌ စစ်ကောင်စီစစ်ကြေင်း ပဒေသာမိုင်းမိခဲ့ပြီး သေဆုံးသူများပြားခဲ့သည်။ ယမန်နေ့ကလည်း လေကြောင်းမှ လာရောက်ပစ်ခတ်သလို ယနေ့တွင်လည်း နံနက် ၁၁ နာရီ ၂၀ မိနစ်နှင့် နေ့လယ် ၁နာရီခွဲတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားကြောင်း သတင်းရရှိသည်။

မြေပြင်၌ စစ်ရေးတင်းမာနေ၍ ခရီးသွားကားများ သတိပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။