Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ်တွင် ယနေ့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မြေပြင်မှစစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်က တိုက်ခိုက်ရာမှ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

(KIA၊PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(KIA၊PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပျဉ်းစုကျေးရွာအနီး၌ ယနေ့နံနက်အစောပိုင်းကစ၍ တိုက်ပွဲပြင်းထန်နေပြီ နေ့လယ် ၁၂ နာရီကျော်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနက်ကတည်းက တအုန်းအုန်းနဲ့ချနေတာ။ မြေပြင်အခြေအနေတော့ မသိရဘူး။ နေ့ခင်းကျ ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးချသွားတယ်”ဟု ထီးချိုင့်မြို့ခံတစ်ဦးက ပြောသည်။

မြေပြင်မှစစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်က တိုက်ခိုက်ရာမှ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

” ပွဲကတော့ ကြီးတယ်။ ကျွံလာလို့ ဆော်တာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လလယ်က နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်။ ယင်းကာလနောက်ပိုင်း စစ်ရေးအခြေအနေ ငြိမ်သက်နေရာမှ ယနေ့ တကျော့ပြန် ဖြစ်ပွားခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နေ့လယ်တွင် ထန်းကုန်းရွာ နှင့် ပျဉ်းစုကျေးရွာအနီး၌ ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook