Connect with us

Hi, what are you looking for?

သတင်း

လွိုင်လင်လေးအခြေစိုက် ခလရ(၅၃၀)တပ် ပစ်ခတ်၍ ကလေးငယ်အပါအဝင် ငါးဦးဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာ၂၉ရက် နှင့် ၃၀ရက်တို့တွင် လူနေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် လွိုင်လင်လေးမြို့အခြေစိုက် ခလရ(၅၃၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် (၃)နှစ်အရွယ်ကလေးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၂)က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာ၂၉ရက် နှင့် ၃၀ရက်တို့တွင် လူနေကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် လွိုင်လင်လေးမြို့နယ်အတွင်းရှိ လူနေကျေးရွာ (၂)ရွာသို့ လက် နက်ကြီးကျည်များကျရောက်ကာ (၃)နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ကလေးငယ် သုံးဦး ၊ ဆယ်ကျော်သက် အမျိုးသမီး တစ်ဦး ၊အသက်ကြီးပိုင်း အမျိုးသားတစ်ဦး စုစုပေါင်းငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးခဲ့သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

“ဝင်တိုက်ခံရမှာ ကြောက်လို့ လူနေကျေးရွာတွေပါမရှောင် လက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာလို့ ပြောလို့ရတယ်။နောက်ပြီး ရှမ်းမြောက်အခြေအနေအရ လွိုင်ကော်ဆိုလည်း မြို့တွင်း၊ မြို့ပြင် ကင်းပုန်းတွေ အရင်ထက်အများကြီး ပိုတွေ့ရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယခုနှစ် ဇူလိုင်အတွင်းက လွိုင်လင်လေးမြို့အခြေစိုက်စစ်ကောင်စီ ခလရ (၅၃၀)တပ်ကို ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ထားဖူးသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – KNDF)

စစ်ကောင်စီ၏ အခြေစိုက်တပ်များမှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူများနေထိုင်ရာ ကျေးရွာများထဲသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခက်တိုက်ခိုက်နေသလို အရပ်သားလူထုများအား ပစ်မှတ်ထားသော လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်မှုများအား စစ်ကောင်စီမှ ထပ်မံ၍ လုပ်ဆောင်နိုင်သောကြောင့် ပြည်သူများအနေဖြင့် နေ့စဥ်အထူးဂရုပြု သွားလာနေထိုင်ကြရန် KNDF က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။