Connect with us

Hi, what are you looking for?

သတင်း

KNU ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်၍ ကလေးငယ်သုံးဦး အပါအဝင် ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရ

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ ပြည်သူများကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အောက်တိုဘာ ၃ဝရက် မွန်းလွဲပိုင်း၌ လယ်ဒို(ကျောက်ကြီး) မြို့နယ် တောင်ခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကရင်ပြည်နယ်တွင် ၂၀၂၁ နှစ်ကုန်ပိုင်းက ​တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကရင်ပြည်နယ်တွင် ၂၀၂၁ နှစ်ကုန်ပိုင်းက ​တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ ညောင်လေးပင်ခရိုင် အတွင်းစစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ ယမန်နေ့ပစ်ခတ်မှုအတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ ပြည်သူများကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အောက်တိုဘာ ၃ဝရက် မွန်းလွဲပိုင်း၌ လယ်ဒို(ကျောက်ကြီး) မြို့နယ် တောင်ခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ ခလရ(၂၆၄)သည် သာယာကုန်းမှနေ၍ (၁၂၀) မမ လက်နက်ကြီး နှစ်လုံးကို ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ညီမနှစ်ဦးဖြစ်သည့် မအိရွှေစင်(၁၃)နှစ်၊ မသွန်းရွှေစင် (၁၈)နှစ်တို့နှင့် မသေးသေး (၅၅)နှစ်၊ ဦးထွေးတင် (၅၈)နှစ်တို့မှာ လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် ဆောထိ(ရွှေကျင်) မြို့နယ်အုပ်ချုပ်နယ်မြေအတွင်းသို့လည်း စစ်ကောင်စီတပ်၏ ခမရ-၂၀ တပ်က အောက်တိုဘာ ၃၀ရက်တွင် ညောင်လေးပင်စခန်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၁၉လုံး ပြည်သူလူထုများနေထိုင်ရာသို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပစ်ခတ်မှုများကြောင့် ပျဉ်ရေကြီးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ကောက်မဲ့သူ ရော်ဘာခြံ၊ ညောင်ပင်ကြီးကျေးရွာနှင့် မီးလောင်ကုန်းကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရေဖြူကန်ကျေးရွာမှ အသက်တစ်နှစ်ခွဲ ကလေးငယ်တစ်ဦး၊ အသက် (၃)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၂၈)နှစ် အမျိုးသမီးတစ်ဦးနှင့် အသက် (၂၇)နှစ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် KNU နယ်မြေများရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေ၍ အရပ်သား ပြည်သူထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။