Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးဆိုင်ရာနယ်မြေကျူးကျော်လာပါက တုံ့ပြန်တိုက်ထုတ်မည်ဟု UWSA ကြေညာ

၀ဒေသ နမ့်တစ်မြို့နယ်တစ်ဝိုက်တွင် စစ်ရှောင်ပြည်သူအများအပြား ရောက်ရှိလာ၍ အခမဲ့ နေရာထိုင်ခင်းများ၊ အစားအသောက်နှင့် ဆေးဝါးများ ပံ့ပို့ပေးထားသည်ဟု UWSAဘက်က အသိပေးထားသည်။

(၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) စစ်ရေးပြအခမ်းအနားပြုလုပ်နေစဥ်။ ဓာတ်ပုံ - CJ)
(၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) စစ်ရေးပြအခမ်းအနားပြုလုပ်နေစဥ်။ ဓာတ်ပုံ - CJ)

▪︎ဝပြည်နယ်ပိုင်နက်နှင့်​ဝေဟင်တွင် ​လေယာဥ်ပျံသန်းမှု ၊စစ်​ရေးလှုပ်ရှားမှု ခွင့်မပြုဟုလည်းအသိ​ပေး

▪︎’ဝ’ပြည်နယ် အတွင်း​ဝင်ရောက်လာ​​သော စစ်​ဘေး​ရှောင်များကို ​ကောင်မွန်စွာပြုစု​စောင့်​ရှောက်မည်ဟုသတိ​ပေး

ကိုးကန့်ဒေသတိုက်ပွဲများနှင့်ပတ်သက်ပြီး လေကြောင်း၊ ကြည်းကြောင်းမှ စစ်ရေးဆိုင်ရာ နယ်မြေကျူးကျော်မှုများရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) က ထုတ်ပြန်လိုက်ကြောင်း UWSA တာဝန်ရှိသူက အတည်ပြုသည်။

အဆိုပါသတင်းကို ဧရာ၀တီသတင်းဌာနက ယနေ့ ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး UWSA တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ၎င်းက “အဲဒီ ထုတ်ပြန်ချက်မှန်တယ်။ ဒီနေ့ပဲထုတ်တာ”ဟု အတည်ပြုပြောကြားပြီး တရုတ်ဘာသာဖြင့် ရေးသားထားသည့် ထုတ်ပြန်ချက်ကို ပြသသည်။

၀တပ်ဖွဲ့အနေဖြင့် ဘက်မလိုက်ရေးမူကို ကျင့်သုံးကြောင်း၊ ကိုးကန့်ဒေသတိုက်ပွဲများတွင် မည်သည့်ဘက်ကမှ ပါမည်မဟုတ်ကြောင်းနှင့် ပဋိပက္ခအတွင်းပါဝင်နေသည့် အင်အားစုအသီးသီးအနေဖြင့် အပစ်အခတ်ရပ်စဲရေးအား အမြန်ဆုံးဆွေးနွေးလုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

ယခု စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ရက္ခိုင် (AA)တပ်များသည် UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်ဒေသ တိုက်ပွဲများ၌ UWSA နယ်မြေသို့ ရောက်ရှိလာသည့် စစ်ရှောင်များအား UWSAက နေထိုင်စားသောက်ရေးကူညီပေးထားကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူ အသိပေးထားသည်။

၀ဒေသ နမ့်တစ်မြို့နယ်တစ်ဝိုက်တွင် စစ်ရှောင်ပြည်သူအများအပြား ရောက်ရှိလာ၍ အခမဲ့ နေရာထိုင်ခင်းများ၊ အစားအသောက်နှင့် ဆေးဝါးများ ပံ့ပို့ပေးထားသည်ဟု UWSAဘက်က အသိပေးထားသည်။

“၀ထုတ်ထားတဲ့နံပါတစ်အချက်က နှစ်ဦးနှစ်ဖက် မိမိရဲ့ တပ်ဖွဲ့ကိုထိန်းသိမ်းထားကြရန်၊ တိုက်ပွဲလမ်းကြောင်းနဲ့ အဖြေမရှာကြရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ အဖြေရှာကြရန်ဆိုပြီး နံပါတ်တစ်အနေနဲ့ တိုက်တွန်းထားတယ်။ နံပါတ်(၂)ကတော့ ၀ အနေနဲ့ ဘက်မလိုက်ဘူး။ ပြီးတော့ မည်သည့် ပုံစံနဲ့မှ တိုက်ပွဲအတွင်း ပါဝင်မှာ မဟုတ်ဘူးဆိုပြီး ထုတ်ပြန်ထားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဘာသာပြန်ပြောပြပေးသည်။

ဆက်လက်၍ သတင်းရင်းမြစ်က “နံပတ်(၃)ကတော့ ၀ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် ၀ပြည်နယ်ရဲ့ ဝေဟင်ပိုင်းအတွင်း လေယာဉ်ပျံ ပျံသန်းသွားလာတာတို့ စစ်ရေးလှုပ်ရှားမှုတို့ မပြုရန် ထုတ်ပြန်တယ်။ လေကြောင်းတို့ ကြည်းကြောင်းတို့လာရင်တော့ တိုက်ထုတ်မယ်ဆိုတာတော့ပါတယ်”ဟု ပြောပြသည်။

အဆိုပါ ဖော်ပြချက်သည် စစ်ကောင်စီတပ်ကို ရည်ညွှန်းသည်ဟု မြင်ကြောင်း သတင်းရင်းမြစ်က ပြောပြသည်။

“နံပတ်(၄) အနေနဲ့ ၀ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေကိုတော့ ၀အစိုးရ အနေနဲ့ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မယ်ဆိုပြီး ထုတ်ပြန်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook