Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ရှမ်း​မြောက်သို့စစ်ကူမပို့နိုင်​ရေး ရပ်စောက်

ကားလမ်း​မိုင် ၁၀၀ ​ကျော်ရှည်သာရပ်စောက်-နောင်ချိုလမ်းပိုင်းအားအသုံးမပြုရန်DPLFက နိုဝင်ဘာ၁ရက်မှစတင်၍ သတိပေးခြင်းဖြစ်သည်။

(ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်DPLF မှ ရဲ​ဘော်များနှင့် ရပ်​စောက်-​​နောင်ချို ပြ​​မြေပုံ။ဓါတ်ပုံ-DPLF)
(ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်DPLF မှ ရဲ​ဘော်များနှင့် ရပ်​စောက်-​​နောင်ချို ပြ​​မြေပုံ။ဓါတ်ပုံ-DPLF)

-နောင်ချိုလမ်းပိုင်းကိုဖြတ်သန်းခြင်းမပြုရန် DPLF ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများသို့ စစ်ကူပို့ရန် စစ်ကောင်စီတပ်က ရပ်စောက်-နောင်ချိုလမ်းပိုင်းကို အသုံးပြုလာနိုင်သည့်အတွက် ယင်းလမ်းပိုင်းအား ယခုရက်ပိုင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်DPLF ကကြေညာချက်ထုတ်ပြန်လိုက်သည်။

“ရှမ်းမြောက်ကို အင်အားဖြည့်ဖို့က ဒီတစ်လမ်းပဲ ကျန်တော့တာ။ စစ်ကားတွေနဲ့ မဟုတ်ဘဲ အရပ်သာကားတွေနဲ့ပါ လိုက်လာနိုင်တယ်။ ဒါကြောင့် ဒီရက်ထဲ ပြည်သူတွေ လမ်းအသုံးမပြုဖို့ ‌မေတ္တာရပ်ခံထားတာပါ” ဟု DPLF တာဝန်ရှိသူကပြောသည်။

(ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်DPLF မှ ရဲ​ဘော်များနှင့် ရပ်​စောက်-​​နောင်ချို ပြ​​မြေပုံ။ဓါတ်ပုံ-DPLF)
(ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်DPLF မှ ရဲ​ဘော်များနှင့် ရပ်​စောက်-​​နောင်ချို ပြ​​မြေပုံ။ဓါတ်ပုံ-DPLF)

ကားလမ်း​မိုင် ၁၀၀ ​ကျော်ရှည်သာရပ်စောက်-နောင်ချိုလမ်းပိုင်းအားအသုံးမပြုရန်DPLFက နိုဝင်ဘာ၁ရက်မှစတင်၍ သတိပေးခြင်းဖြစ်သည်။

DPLFသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရွာငံနှင့် ပင်းတယမြို့နယ်၊ ရပ်စောက်၊နောင်ချို မြို့နယ်တို့တွင် မဟာမိတ်များနှင့်ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေသည်။

Public Service Announcement

Public Service Announcement

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်‌ဆင်ရေးတွင် အထိနာနေသည့် စစ်ကောင်စီတပ်သည် ၆ ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ မြို့သုံးမြို့နှင့် စစ်စခန်း​ပေါင်း ၉၀ ကျော်ကို လက်လွတ်ခဲ့ရသည်။

(ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်DPLF မှ ရဲ​ဘော်များနှင့် ရပ်​စောက်-​​နောင်ချို ပြ​​မြေပုံ။ဓါတ်ပုံ-DPLF)
(ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော်DPLF မှ ရဲ​ဘော်များနှင့် ရပ်​စောက်-​​နောင်ချို ပြ​​မြေပုံ။ဓါတ်ပုံ-DPLF)

ထိုအပြင်နောင်ချို ၊ကျောက်မဲ ၊ပန်းဆိုင်(ကြူကုတ်)စ​သောမြို့နယ်များကို ထိန်းချုပ်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေသည်။ မူဆယ်နှင့် ချင်းရွှေဟော်မြို့နယ်ဘက်သို့ အထွက်လမ်းပိုင်း၌ အဓိကကျသည့် သိန္နီမြို့ကိုလည်း မဟာမိတ်တပ်ဖွဲ့များက ထိမ်းချုပ်ထားပြီး လမ်းပိုင်းကိုဖြတ်တောက်ထားသည်။

ပြင်ဦးလွင်မြို့ကိုဖြတ်၍ သွားသည် စစ်ကောင်စီထောက်ပို့ယာဉ်တန်းမှာလည်း နောင်ချိုနှင့်ပြင်ဦးလွင်မြို့နယ်အစပ်၌ မန္တ​လေး PDF နှင့် TNLA တို့၏ တိုက်ခိုက်မှု​ကြောင့် ​နိုဝင်ဘာ ၁ ရက်ည​နေမှစ၍ ​ရှေ့မတိုးနိုင်ဘဲ ​နောက်ပြန်ဆုတ်ထားရသည်။

ထို့ကြောင့် ရပ်စောက်-နောင်ချိုလမ်းပိုင်းကို အသုံးပြုလာနိုင်သည့် အခြေအနေကို တားဆီးရန်DPLFက ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။