Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုတွင် ယနေ့နံနက် တိုက်ပွဲဆက်ဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ လမ်းခွဲ၌ နေရာယူထားသော တအောင်းတပ်မတော် (TNLA)၊ မန္တလေး PDFတို့ ရှိရာနေရာအား စစ်ကောင်စီတပ်က ယမန်နေ့ ညနေ ၅နာရီခွဲခန့်တွင် ရင်ဆိုင်တိုးလာ၍ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သားများအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)
(ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သားများအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)

▪️ဒဏ်ရာဖြင့် အရှင်ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများအား ကောင်းမွန်စွာဆေးကုသပေး‌ထားဟု မန္တလေး PDF ပြော

နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးတွင် ယနေ့နံနက် ၆နာရီခွဲကစတင်ပြီး တအောင်းတပ်မတော် (TNLA)၊ မန္တလေး PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။

မန္တလေး PDFကလည်း ‘​တိုက်ပွဲနောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်’ဟု ဆိုကာ နံနက် “(၀၆:၃၀)ခန့်မှစ၍ တိုက်ပွဲဆက်လက်ဖြစ်ပွါးနေဆဲ”ဟု ပြီးခဲ့သည့် မိနစ်ပိုင်းက အသိပေးထားသည်။

ထို့အပြင် TNLAကလည်း “၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ တပ်မဟာ (၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ရွာနှင့် အုမ္မတီးရွာကြားတွင် စခန်းချနေသော စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် PSLF/TNLA+MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နံနက်( ၆း၀၀)နာရီ အချိန်ခန့်တွင် သွားရောက် တိုက်ခိုက်ခဲ့သည်”ဟု ပြီးခဲ့သည့် မိနစ်ပိုင်းက ထုတ်ပြန်ထားသည်။

တအောင်းတပ်မတော် (TNLA)၊ မန္တလေး PDFနှင့် စစ်ကောင်စီတပ်တို့သည် ရွှေညောင်ပင်ရွာနှင့် အုမ္မသီးကျေးရွာတို့၌ ယမန်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ရွှေညောင်ပင်မှာ မနေ့တည်းက အကြီးအကျယ်ချနေကြတာ။ ဒီနေ့မနက်ရောပဲ။ ပြင်ဦးလွင်ကို ကားတွေတက်မရတော့ဘူး ပြောတယ်”ဟု နောင်ချိုဒေသခံက ပြောသည်။

ထို့အပြင် ယမန်နေ့တိုက်ပွဲအတွင်း ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သားများကိုလည်း ဆေးကုသမှုပေးနေသည်ဟု မန္တလေး PDFက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

“နိုဝင်ဘာ(၁)ရက်နေ့ တိုက်ပွဲတွင် ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သော စကစတပ်ဖွဲ့ဝင် “ဆရာကြီး ကိုလှရွှေ” နှင့် “ရှမ်းမြောက်မလာနဲ့ ဟုတ် “တို့အား ဆေးကုသပေးလျက်ရှိသည်”ဟု မန္တလေး PDFက ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံ လက်နက်ချအလင်းဝင်ပါက လုံခြုံဂုဏ်သိက္ခာရှိစွာ ထားရှိမည်ဟု ထပ်မံ အသိပေးထားသည်။

“မနေ့ကတိုက်ပွဲအပြီးမှာ ဒဏ်ရာနဲ့အရှင်ဖမ်းဆီးရမိတဲ့ စကစတပ်သားတွေရှိပါတယ်။ လက်ရှိအချိန်မှာ ကောင်းကောင်းမွန်မွန်နဲ့ ဆေ’ထိုးပေးထားပါတယ်ဗျ”ဟု မန္တလေး PDF ​ပြော​ရေးဆိုခွင့်ရှိသူကို​အော်စမွန်က ပြောသည်။

ယခု စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ၊ တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု၊ ဘေးအန္တာရာယ်မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း ပြုမည်ဆိုပါက သက်ဆိုင်ရာ PSLF/TNLA အုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲတို့ထံ သတင်းပို့ ခွင့်ပြုချက်တောင်းခံသွားရန် TNLAက အသိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ လမ်းခွဲ၌ နေရာယူထားသော တအောင်းတပ်မတော် (TNLA)၊ မန္တလေး PDFတို့ ရှိရာနေရာအား စစ်ကောင်စီတပ်က ယမန်နေ့ ညနေ ၅နာရီခွဲခန့်တွင် ရင်ဆိုင်တိုးလာ၍ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရန်သူ့ဘက်မှ သံချပ်ကာယာဥ် (၁)စီး ထိခိုက်ပျက်စီးမှုများနှင့် နောက်ပြန်ဆုတ်ခွာသွားပြီး ရန်သူ့ထံမှ MA1 (၁) လက် ၊ MA2 (၃)လက် ၊ MA3 (၂)လက်နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းမန္တလေး PDFက အသိပေးထားသည်။

(ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သားများအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)
(ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်သားများအား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ – မန္တလေး PDF)

အဆိုပါ တိုက်ပွဲမဖြစ်ပွားမီ စစ်ကောင်စီတပ်က ယမန်နေ့ နံနက်ပိုင်းကလည်း တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားစဉ်တွင်လည်း လေကြောင်းမှ စက်သေနတ်များဖြင့် ၁၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မန္တလေးPDFသည် ‘၁၀၂၇ စစ်ဆင်ရေး’ ဖော်ဆောင်နေသည့် ညီနောင်သုံးဖွဲ့မှ တအာင်းတပ်မတော်(TNLA)နှင့်အတူ ပူးတွဲပြီးနောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

အောက်တိုဘာ ၂၉ရက် နံနက်တွင် TNLAနှင့်မန္တလေး PDF တို့သည် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားရာလမ်းဘေးရှိ နောင်ချိုမြို့အထွက် ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၁၁၄)တပ်ရင်းအား စတင်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် အဆိုပါ တပ်ရင်းများရှိ စစ်ကောင်စီတပ်သားများမှာ တပ်ရင်းစွန့်ခွာပြီး ကျောက်ကြမ်းရွာဘုန်းတော်ကြီးကျောင်း၌ ထွက်ပြေးခိုလှုံခဲ့ကြောင်း နောင်ချိုမြို့ခံများက ပြောသည်။

ထို့နောက် ယင်းနေ့ ညပိုင်းတွင် မြို့ရှိ စစ်ကောင်စီဝန်ထမ်းများဖြစ်သော ရဲနှင့်အခြားဝန်ထမ်းများက မြို့စွန့်ခွာပြီး နောင်ချိုမှ ရပ်စောက်သွားလမ်းပိုင်းရှိ အမှတ်(၁၇)အမြောက်တပ်သို့ သွားရောက် ခိုလှုံခဲ့ကြောင်း မြို့ခံများက ပြောသည်။ ထို့အပြင် ရဲစခန်းရှိ အချုပ်သားများပါ ခေါ်ဆောင်သွားကြောင်းလည်း ၎င်းတို့က ပြောသည်။

အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ‘၁၀၂၇စစ်ဆင်ရေး’ စတင်ကြောင်း ကြေညာကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများအား နံနက် ၄ နာရီမှစတင်ပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။